အရူးလေး🌼

1K 79 4
                                    

Unicode

  5/12/2013
ဆောင်းရာသီမို့ အေးခဲနေသောမနက်ခင်းတို့ကနိုးထရန်ခက်ခဲစေပြီးအိပ်ရာထဲတွင်သာအချိန်ဖြုန်းချင်စရာကောင်းပေသည်

ပြတင်းပေါက်မှ တဖွားဖွားကျနေသောနှင်းပွင့်တို့ကလှသကဲ့သို့ထိလိုက်သည်နှင့်အေးစိမ့်နေပေမည်

နိုးစက်မြည်သံကြောင့် ပိတ်ပြီးပြန်အိပ်ချင်သော်လည်းကျောင်းရှိသည်မို့မထချင်ထချင်နှင့်ထရပြီးမျက်လုံးအစုံတို့ကိုလည်းမဖွင့်ချင်ဖွင့်ချင်နှင့်ရေချိုးခန်းထဲသို့သွားကာပြင်ဆင်ရပြန်သည်
.
.
.
"မား သားသွားပြီနော်"
"အေအေ ကြမ်းပြင်တွေချော်မယ် သတိလည်းထား"
"ဟုတ်"

ကျောင်းထဲသို့ဝင်ဖို့လာသောခြေလှမ်းတို့ကလည်း လေးလံစွာနှင့်..

"ဟင်း~~~~"

ကျောင်းသင်ခန်းစာများသည်နှင့်တနေ့တနေ့စိတ်ဝင်စားစရာများပျောက်ဆုံးနေသည်မှာလည်း မပြောင်းလဲနိုင်..

ရှောင်းကျန့်တစ်ယောက်သက်ပြင်းတွေသာချနေမိသည်...

နောက်ထပ်အကြောင်းအရင်းလေးတစ်ခုကတော့ယုန်ပေါက်ခေါ်နေသည်မှာမပြီးနိုင်မဆုံးနိုင်..စိတ်ညစ်ရသည့့်အချက်တွေထဲကျိုးချန်ကနေမ​ကောင်း၍ကျောင်းမတက်ဖြစ်

ပြီးတော့ကျောင်းမှာဟောပြောပွဲလည်းရှိ၍သွားရအုန်းမည်တကယ်ကိုပျင်းစရာကောင်းသောနေ့တစ်နေ့သာ....

အနောက်မှ ပခုံးလာပုတ်ပြီး
"ယုန်ပေါက်ဘာဖြစ်လို့အဲ့လောက်သက်ပြင်းချ"
လို့မေးသောဝမ်ချောင်ကိုရှောင်းကျန့်ကမရှိလူလို့မှတ်ကာ စကားမပြန်

"ယုန်ပေါက်ကကန်းပါကန်းသွားတာဟ"
ရှောင်းကျန့်ခုံကိုနောက်မှီပြီးကျင်းလင်ကလည်းလိုက်စပြန်သည်

"အေးနော်ဟုတ်မယ်"

ဝမ်ချောင်တို့နောက်နေသည်ကိုရှောင်းကျန့်အဖက်မလုပ်ပဲနေနေသော်လည်း

"သက်ပြင်းချရင်အသက်တိုတတ်တယ်တဲ့"

အဲ့အချိန်မှရှောင်းကျန့်လည်းချက်ချင်းအသက်ကိုပြန်ရှူသွင်းလိုက်သည်

One sided loveWhere stories live. Discover now