မင်းကလေ..

1.7K 110 0
                                    


Unicode

2/6/2013
နေ့ရက်တို့နှင့်အချိန်ဟာမသိမသာ သိသိသာသာတိုတောင်းလှပါသည်..

ကောင်းကင်ပေါ်ရှိတိမ်များကလည်းတရွေရွေ့နှင့် ညရောက်လာသည့်အခါတွင်လည်းကြယ်စင်တို့ကတရွေ့ရွေ့နှင့်

နာရီလက်တံတို့ဟာလည်းလည်ပတ်နေပြီးတရက်တရက်ဆိုသောအချိန်အတိုင်းအတာတို့ကလည်းတရွေ့ရွေ့နှင့်ကုန်ဆုံးလာတော့သည်..

မိုးဦးကပြန်စလာပြီးပတ်ဝန်းကျင်များလည်းခြောက်သွေ့ရာမှစိုစွတ်လာသည်မြို့ပြများရွာများတို့မှကျောင်းများလည်းပြန်ဖွင့်လာသည့်မိုးဦးကယနေ့တွင်ပို၍တက်တက်ကြွကြွဖြစ်စေသည်.

ရှောင်းကျန့်တစ်ယောက်မနက်ထရေမိုးချိုးကာသေသေသပ်သပ်လေးဖြစ်အောင်ဝတ်ပြီးရှေ့ကကိုမှန်တချက်ကြည့်ရင်းဆံပင်တို့ကိုပါသပ်သပ်ရပ်ရပ်ရှိမရှိစစ်ဆေးလိုက်သည်

"ဝိုးငါလေးကအရမ်းတွေချောမောနေပါလား"

ဆိုရင်းပြုံးလိုက်သဖြင့်နှုတ်ခမ်းအောက်ကမှဲ့နက်လေးကပါထင်းနေကာအမှန်ချစ်ဖို့ကောင်းကာချောမောနေသည်

အခန်းထဲဝင်လာသောရှောင်းမားမားကလည်းရှောင်းကျန့်ဆံပင်လေးကိုသပ်ကာ

"ချစ်ဖို့ကောင်းတာပါငါ့သားလေးက"
"မားကလည်းဗျာကျနော်ကချစ်ဖို့ကောင်းဘူးချောတာချောတာ"

ရှောင်းမားမားလည်းပြုံး၍ မနိုင်ဘူးဆိုသည့်သဘောဖြင့်ခေါင်းခါပြီး

"နေစမ်းပါအုန်းအရင်နှစ်တွေကျောင်းသွားရင်အိပ်ရာကထရေမိုးချိုးပြီးတော့မှန်တောင်မကြည့်ပြေးနေသူကဒီနေ့မှဘာစိတ်ကူးပေါက်နေတာလဲ ပြော"

သူခိုးလူမိသည့်ရှောင်းကျန့်ကထိုအခါမှ အဟမ်းဆိုကာအသံလည်းမြင့်၍

"သားရဲ့ချောမောနေတဲ့ရုပ်ရည်လေးကိုသူငယ်ချင်းတွေကိုကြွားမလို့ပါမားကလည်း"

"အလကားပါ မားသူကြွေနေတဲ့ကောင်မလေးရှိလို့ဖြစ်မှာပေါ့ အဲ့လောက်ပြင်နေတာ ဒါမရိုးသား"

"ဘယ်လိုပြောပါအုန်းဟုတ်လား"

ဒီအမတစ်ယောက်ရှိပါတယ် တချိန်လုံးလူကိုလာသွေးထိုးနေတယ် မိုးနတ်မင်းကြီးရေသူ့ကိုအမြင်ယောက်ျားရအောင်လုပ်ပေးပါတော့ ပလိစ်

One sided loveWhere stories live. Discover now