"ရှောင်ရမ်....ငါမင်းကိုချစ်တယ်"မိန်းကလေးပီပီဖွင့်ပြောခံလိုက်ရတာမို့ရှောင်ရမ်ရဲ့မျက်နှာလေးမှာပန်းရောင်လေးသန်းနေသည်
ထိုဖွင့်ဟဝန်ခံခြင်းစကားကြောင့်ရှောင်းကျန့်ရဲ့ပါးပေါ်မှာလည်းမျက်ရည်စိုစွတ်ခဲ့သည်.........
ဘေးကလူကိုသတိမထားမိပဲရှေ့ကဇာတ်လမ်းကိုသာအာရုံရောက်နေတဲ့ကျိုးချန်ကတော့ရှောင်းကျန့်ကိုမကြည့်ပဲ
"ဒီတခါတော့အတည်ဖွင့်ပြောလိုက်ပြီပဲ"
မျက်ရည်ကိုအလျင်အမြန်သုတ်ကာ
"ဟုတ်...ဟုတ်ပါ့ကွာ...ဂုဏ်... ဂုဏ်ယူရမှာပေါ့နောက်နေ့တွေ့ရင်တစ်ဝိုင်းကျွေးခိုင်းရမယ် ဟားဟား.....ဒါနဲ့ငါ ...ငါပြန်တော့မယ်နော်အရေးကြီးရှိတာမေ့သွားလို့"
စကားဆုံးတာနဲ့တပြိုင်နက်ထဲနောက်လှည့်ကာလမ်းမြန်မြန်လျှောက်ပြီးကျောင်းထွက်ပေါက်သို့လျှောက်လှမ်းသွားသောရှောင်းကျန့်ကြောင့်ကျိုးချန်ခမျာတားချိန်တောင်မရလိုက်
"ရှောင်းကျန့် ဟျောင့် ရှောင်းကျန့်နေအုန်းလေ....ဟော်ဗျာဘာဖြစ်လို့ပြေးသွားတာတုန်..."
နောက်ကခေါ်သံကိုလျစ်လျူရှုပြီးခြေလှမ်းတွေကိုလည်းမြန်သည်ထက်မြန်အောင်လျှောက်ပြီးေရှာင်းကျန့်တေယာက်အပြေးတပိုင်းသွားနေမိသည်
မကြာလိုက်ကောင်းကင်ယံပေါ်မှမိုးဖွားလေးများတဖွဲဖွဲကျလာသည်
မိုးရေစက်တွေခေါင်းပေါ်ကိုကျလာတာကိုခံစားမိဖို့အတွက်ရင်ထဲကနာကျင်မှုကစိုးမိုးနေတာကြောင့်မိုးရွာနေတာလည်းသတိမမူမိ
မိုးဖွဲရာမှမိုးသည်းလာပြီးလူတကိုယ်လုံးစိုရွဲလာမှသာပြေးတာကိုရပ်ပြီးရင်ထဲမှာဗေလာင်ဆူနေတာရောမငိုအောင်ထိန်းထားရတာတွေရောအကုန်လွတ်ချပလိုက်တော့တယ်
လူတွေရဲ့အဝေးကိုရောက်နေပြီပဲလေ
မိုးကလည်းတဝေါဝေါရွာချသလိုရှောင်းကျန့်နှလံုးသားတစ်ခုလံုးကလည်းတဆစ်ဆစ်နာကျင်၍....
YOU ARE READING
One sided love
Teen Fictionအချိန်ကစကားပြောမှာပါဆိုတဲ့စိတ်နဲ့ မင်းကိုမေ့ပစ်ချင်တာအမြဲပါပဲ...