တွေ့ဆုံပွဲ

1.6K 95 1
                                    

Unicode

25/4/2021

"ကျန့်ကျန့်ရေ လာလေ ကျဲတို့နဲ့စျေးသွားကြအောင် လိုက်ကြည့်ပေါ့ ဘုရားလည်းဖူးရင်း"

" အဲ့ဆို အဝတ်လဲလိုက်မယ်ကျဲ"

"ဟုတ်ပြီ ကျဲတို့အိမ်ရှေ့မှာစောင့်မယ်နော်"

ဖတ်လက်စစာအုပ်ကို အံဆွဲထဲထည့်ပြီး တီရှပ် တထည်ကောက်စွတ်လိုက်ကာ မှန်ကြည့်ရင်းဆံပင်ပွနေလားအခြေအနေကြည့်လိုက်သည်

"အင်း အဆင်ပြေပြီ"

ခုံပေါ်ကပိုက်ဆံအိတ်ယူပြီးတံခါးဖွင့်ကာ အိမ်ရှေ့ထွက်တော့ ကျဲတို့ကလက်လှမ်းပြသည်

"ကဲ ဒီကောင်လေး ဦးထုပ်လည်းမပါဘူး ဒီလိုမှန်းသိလို့ ဒီမှာ ကျဲကိုယ်တိုင် ယူလာတယ်"

"ဟီးဟီး ဒါနဲ့ကျဲ ရွာကစျေးက ပြောင်းလဲသွားပြီလား?"

" ရောက်ရင်သိမှာပေါ့"

လမ်းလျှောက်ရင်းစကားတပြောပြောနှင့်မကြာလိုက်ရွာစျေးရောက်တော့သည်

ရွာတွေရဲ့အားသာချက်ကအဲ့တာပါပဲ လမ်းလျှောက်ပြီးလိုရာရောက်အောင်သွားနိုင်တာ

ရွာစျေးကအရင်အတိုင်းပင် စေတီ နှင့်အနည်းငယ်သာဝေးပြီး မျက်စောင်းထိုးဘက်တွင်တည်ရှိသည်

နှစ်တွေကသာ ကုန်သွားတယ် ဒီနေရာလေးကတော့ ဒီအတိုင်းပါပဲ..
တစ်ခုပဲ လမ်းခင်းလိုက်တာ ပြန်ကျယ်သွားတယ်

"လိုတာရှိရင် ကျဲတို့ကိုအားမနာနဲ့ သွားဝယ် ကျဲတို့ ဟိုဘက်ပန်းဆိုင်တွေဘက်မှာရှိမယ် "
" ဟုတ်ပြီ အဲ့ဆိုနောက်မှတွေ့မယ်နော်"
"အေးအေး"

အရင်ရွာရောက်တိုင်း ရေခဲမုန့်ဝယ်စားနေတဲ့ဆိုင်ကရေခဲမုန့်ဆိုင်မဟုတ်တော့ဘူး ..
အရင် အကင်စားချင်လို့ သွားဝယ်နေကျနေရာကလည်း အခုတော့ကုန်စုံဆိုင်ဖြစ်သွားပြီ..

မပြောင်းလဲဘူး ပြောမိတာမှားတာပဲ
ပြောင်းလဲလို့ အရင်ကအရာတွေအကုန်လုံးက
အတိတ်အဖြစ် အမှတ်တရအဖြစ်ပဲကျန်ခဲ့တာ

သူနဲ့ပတ်သက်တဲ့အရာအားလုံးကတော့
မမှတ်မိချင်ပဲမှတ်မိနေတဲ့ အမှတ်တရတွေပေါ့..

One sided loveWhere stories live. Discover now