ပြောင်းလဲခြင်း

1K 75 3
                                    

Unicode

  "ရှောင်းကျန့် "
လှမ်းခေါ်လိုက်တဲ့အသံကြောင့်ဖုန်းခေါ်ဖို့ပြင်ရာကနေမော့ကြည့်လိုက်တော့ပြုံးမိတယ်

မပြောင်းလဲလောက်ဘူးထင်ထားတဲ့သူလည်းပြောင်းလဲသွားပြီပဲ...

ဆံပင်တိုနဲ့အတူ suitအနီဝတ်ထားတဲ့ယန်းလီကအရင်ကနဲ့မတူပဲပိုပြီးလူကြီးဆန်ပြီးရင့်ကျက်သည့်အမျိုးသမီးတစ်ဦးဖြစ်လို့နေပြီ...

မောင်နှမဆိုသည့်အတိုင်းအမြဲရန်ဖြစ်နေပေမယ့်ယနေ့တော့ထူးထူးဆန်းဆန်းရင်ထဲဝမ်းနည်းဝမ်းသာခံစားချက်နှင့်အတူ မျက်ရည်တွေလည်းဝေ့တက်လာသလို...

ယန်းလီဆီသို့လျှောက်လာသောခြေလှမ်းတို့ကတဖြည်းဖြည်းခပ်စိတ်စိတ်ကနေခပ်ကျဲကျဲသို့ပြောင်းလာပြီးပခုံးပေါ်မှလျောကျလာသောအိတ်ကိုလည်းဂရုမစိုက်မိတော့ ..

သွေးသားတွေကတကယ်ထူးဆန်းတယ် ခါတိုင်းဖက်ရင်တောင်တိုးထုတ်နေတတ်တဲ့ကျဲကအခုတော့လက်ကားထားပြီးဖက်ဖို့အသင့်ပြင်ပြီးစောင့်ကြိုနေသည်...

နွေးထွေးသောရင်ခွင်ထဲသို့ရောက်သွားသည်နှင့်အတူကျဲရဲ့ကိုယ်သေးသေးလေးကလည်းသူ့ဆီနစ်မြုပ်နေပြီပခုံးအသာပုတ်ပေးရင်း

"ပြန်လာတာကောင်းတယ် အိမ်ပြန်လာတာကောင်းတယ် .."

အသံတုန်ရီရီနဲ့ပြောသောကျဲကြောင့်အောင့်ထားသောမျက်ရည်တို့ကစီးကျလာသည်
ဖက်နေရာမှခွာလိုက်ပြီး..

"မတွေ့တဲ့ငါးနှစ်ခြောက်နှစ်အတွင်းကျဲပိုပုသွားတာလား"

"ခွေးကောင်လေး နင်ပဲလူကောင်ကြီးကြီးလာပြီးတော့ "

တခဏတာတိတ်ဆိတ်သွားရင်း
နှစ်ယောက်လည်းမျက်ရည်တွေသုတ်ပြီးဘာရယ်အကြောင်းပြချက်မရှိရယ်သံတို့ထွက်ပေါ်လာသည်...

"ကဲလာ အိမ်မှာမားစောင့်နေပြီ ကားထဲသွားရအောင် ပြီးတော့ခုနကဒရမ်မာရိုက်ပြီးပြီဆိုတော့အိတ်ပြန်သွားကောက်လိုက်အုန်း "

ခုနကရင့်ကျက်တယ်ဆိုတဲ့စကားအင်း ပြန်ရုတ်သိမ်းမယ် ငါ့အမကရုပ်သာပုံစံသာပြောင်းတာအကျင့်ကတော့အရင်လိုပဲ ကောင်းမလာဘူး

One sided loveWhere stories live. Discover now