ချစ်မိသည်သူ့ကိုမှ...

2.1K 150 0
                                    

  Unicode

21.10.2012

ကျောင်းစုံညီပြီးချိန်တွင်ကာလရောဂါတစ်ခုထိုအချိန်ကပျံနှံ့ပြီးလူအတော်များများနေမကောင်းဖြစ်ကြသည်ကူးစက်ရောဂါမျိုးမဟုတ်သဖြင့်ကျောင်းများကာမပိတ်...
ရက်အနည်းငယ်ကြာသော်ကျောင်းများ၌ကာလရောဂါကာကွယ်ဆေးထိုးပေးမည်ဟုကြေငြာသည်ထိုဆေးထိုးမည့်နေ့တွင်ဆေးအာနိသင်ပြင်း၍အိမ်မှအားရှိစာများစားလာရန်ဆရာမမှမှာကြားသည်

ထိုသို့နှင့်ရှောင်းကျန့်တို့လည်းဆေးထိုးမည့်နေ့နီးကပ်လို့လာသည်...

"ကဲကဲ..ပြီးရင်၂ယောက်တတွဲတန်းစီကြ..ဒီနေ့ဆေးထိုးရမယ်"
"ဗျာ....ရှင်း!!!!"

မနက်ဖြန်မှဆေးထိုးမည့်ရက်ကိုယနေ့ဗြန်းစားကြီးဖြစ်သွား၍မပြင်ဆင်လာသူကားများသည်..

"ငါဆေးထိုးရမှာကြောက်တယ်ရှောင်းကျန့်..."

"ငါတော့မကြောက်ပေါင်..ဒါမဲ့ဗြုန်းစားကြီးငါဘာမှသေသေချာချာမစားခဲ့ဘူး အိမ်ကပြီးတော့ငါကအားလည်းနည်းပါတယ်ဆိုဟင်း.......စိတ်ညစ်တယ်"

"မင်းထိုးလို့အဆင်ပြေပါ့မလား?"

ပြောမနာဆိုမနာဤသူငယ်ချင်းကျိုးချန်မှာ
ဒီလိုမျိုးလည်းစိတ်ပူဖော်ရပြန်တယ်..

"ရမှာပါလေ"

ပြုံးရင်းပြောလိုက်သောရှောင်းကျန့်ကိုငေးနေခဲ့သူတစ်ယောက်လည်းရှိပါသေးသည်..

"ဆေးထိုးဖို့သွားရမယ်လာအောက်ဆင်းကြရအောင်"

"လာလာသွားရအောင် ကျိုးချန် မင်းပေကပ်နေရင်ငါထားခဲ့မှာနော်"
"ငါကြောက်တယ်ဆို"

"ဟိုမှာရိပေါ်ကိုကြည့်..အေးအေးဆေးဆေးပဲတွေ့လားလာပါကွာ"

"သူနဲ့မနှိုင်းနဲ့ငါကငါလေကွာ"
​"လာ....."

လက်နှစ်ဖက်နဲ့အားသုံးဆွဲခေါ်မှမလိုက်ချင်လိုက်ချင်လိုက်လာသောကျိုးချန်

One sided loveWhere stories live. Discover now