ဗျာ

1.2K 70 14
                                    

Unicode

နောက်နေ့ကျောင်းရောက်တော့ရှောင်းကျန့်တယောက်ရိပေါ်ကိုတွေ့လျှင်လည်းမမြင်ချင်ယောင်ဆောင်သည်
တခါတခါထိပ်တိုက်ကျရင်ပဲဖြစ်ဖြစ်ဘေးကကျော်သွားရင်ပဲဖြစ်ဖြစ်မျက်စောင်းထိုးသည်အနောက်တန်းကိုလည်းလုံးဝမလှည့်
ဘာလို့မလှည့်လည်းမေးတော့

"ဟိုအကောင်မျက်ခွက်ကိုမမြင်ချင်လို့မလှည့်တာ"

ဆိုတဲ့အဖြေသာထပ်တလဲလဲ

ဟွန့်ငါ့ကိုမတောင်းပန်ဘူးကြည့်စမ်းရတယ်မတောင်းပန်ရင်ငါလည်းစကားလုံးဝမပြောဘူး​ရှောင်းကျန့်တဲ့ဘယ်တော့မှအရှုံးမပေးဘူး.....ဟွန့်! သူနဲ့စကားမပြောရလည်းဘာမှမဖြစ်ဘူး အေးတောင်အေးချမ်းသေးတယ် ဟွန့်

ဆိုပြီးတွေးရင်းနှင့်ဘောပင်ကိုအားနဲ့ဖိလိုက်တော့ဘောပင်တစ်ဝက်ကျိုးသွားသည်.....

"ဟျောင့် မင်းကလည်းလန့်လိုက်တာဘောပင်တောင်ကျိုးသွားပြီကြည့်အုန်း"

ကျိုးချန်ပြောတော့လည်းမျက်စောင်းထိုးကာ

"ကျိုးလည်းဘာဖြစ်လဲရော့ဝမ်ချောင်အဲ့ဘောပင်ပစ်ပေး"

နောက်မလှည့်ပဲ လက်နဲ့ပဲနောက်ကိုပေးလိုက်သည်

"ငါ့ကိုစည်ပင်များမှတ်နေလား"

ထိုအချိန်မှရှောင်းကျန့်နောက်လှည့်ကာ
"ဘာလဲမပစ်ပေးဘူးလားရတယ်လေနောက်ဘယ်တော့မှမပြောတော့ဘူးဟွန့်"

ဘေးကိုမကြည့်ပဲတမင်ပြောပေမဲ့လည်းပြတင်းပေါက်နားမှထိုင်တဲ့တယောက်ကမဆိုင်ပဲထပြောပါတယ်

"မင်းကလည်းဘာလို့သွားပြောနေတာလဲလွှတ်ထားလိုက်"

"ငါပဲပစ်ပေးပါမယ်ကွာရှောင်းကျန့်ရာ မင်းလည်းစိတ်လျော့နော်စိတ်မဆိုးနဲ့ပေးပေးငါပစ်မယ်"

ကြားကကျင်းလင်ဝင်ပြောတော့

"မလိုဘူးငါ့ဘာငါပစ်မယ်!ဘယ်သူစိတ်ဆိုးလို့လဲဘယ်သူမှ စိတ် မ ဆိုး ဘူး"

ပြောပြီးသည်နှင့်ရှောင်းကျန့်ကိုယ်တိုင်ထပြီးသွားပစ်သည်ရှောင်းကျန့်တို့အခုတော့စိတ်ဆိုးတာမှာဝမ်ချောင်ပါပါသွားပြီဖြစ်ကြောင်းကျန်လူတွေအကုန်သိပြီဖြစ်သည်

One sided loveWhere stories live. Discover now