ကျွန်မ နှာခေါင်းသွေးတွေက စာသင်နေရင်း ပြန်ကျလာ
သဖြင့် သန့်စင်ခန်းသို့ သွားလိုက်သည်။ဘေစင်မှာ ခေါင်းငုံ့ပြီး သွေးတွေကို ဆေးပြီး ပြန်အမော့
"အမလေး!! နင် "
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော လီဆာ။
"နင်သက်သာရဲ့လားလို့ ငါစိတ်ပူလို့"
အမလေးလေး...သေခါနီးမှ လာစိတ်ပူနေတယ်ပြောရင်လည်း ကျွန်မကပဲ လွန်ရာကျဦးမယ်။ ဘာပဲပြောပြောစိတ်ပူဖော်တော့ရသေးသား။
သူမက ရုတ်တရက် သူမလက်ထဲက လက်ကိုင်ပုဝါအဖြူလေးနဲ့ ကျွန်မနှာခေါင်းကို လာသုတ်ပေးသည်။
ရုတ်တရက်မို့ ကျွန်မလည်း ခပ်ကြောင်ကြောင်.."သွေးတော်တော်ထွက်သွားတာပဲ လာကျောင်းဆေးခန်းသွားရအောင်"
"မလိုပါဘူး အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး"
သူမကို အခုမှ အနီးကပ်မြင်ဖူးသည်။
ချစ်စရာတော့ကောင်းသား။
ပြီးတော့ မျက်ဝန်းတွေက ခပ်ညိုညို။
တော်တော်ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေဟု ကောက်ချက်ချမိသည်။
ဆံပင်အောက်ဖျားလေးတွေက ခပ်ကောက်ကောက်။
နှုတ်ခမ်း လေးက ထွေးနုနု။"ဟေး လာလေ ဆေးခန်းသွားမယ် သွေးမတိတ်ပဲနေမယ်"
ကျွန်မ ဘာမှမပြောတော့ပဲ သူမနောက် လိုက်လာခဲ့သည်။
ကျောင်းဆရာဝန် ထွက်သွားပြီးနောက်
"ငါတောင်းပန်ပါတယ် မတော်တဆဖြစ်သွားတာ"
"ရပါတယ်"
သူမသာ မတောင်းပန်ခဲ့ရင် ကျွန်မသူ့ကို တစ်ခုခုတော့ပြန်လုပ်မည်ဟုဆုံးဖြတ်ပြီးသား.....ယခုတော့..ခွင့်လွှတ်လိုက်ပါပြီ။
ကျွန်မနှင့် သူမ အတန်းထဲသို့ အတူတူပြန်ဝင်ပြီး
ပျော်စရာကောင်းသည့် စာသင်ချိန်များကို ဖြတ်သန်းလိုက်သည်။သူမကို ရုတ်တရက် လှမ်းကြည့်တော့ ဘေးကသူမသူငယ်ချင်းနှင့် ဘာတွေပြောပြီးရယ်နေသည်မသိ။
သူတို့နှစ်ယောက်ကြည့်ရတာ စာလည်းသိပ်စိတ်ဝင်စားပုံမပေါ်။