ညဘက် စာလုပ်တော့လည်း သူ့အကြောင်းက ကျွန်မအတွေးထဲ အပိုင်စီးထားသည်။ ညနေက သူ့နောက်ကနေ ခါးဖက်လိုက်ရတာကိုက ကျွန်မအတွက် တစ်ခုခုထူးဆန်းသလိုလို။ ကိုယ့်ကိုကို လုံခြုံတယ်လို့လည်း ခံစားနေရသည်။
ရက်ပိုင်းလောက်သာ ခင်ခဲ့သောသူနှင့် နှစ်ယောက်တည်းရှိတာတောင် လုံခြုံတယ်လို့ ခံစားရတာ တကယ်ထူးဆန်းတာမလား။တစ်ခါမှ ဒီလိုမဖြစ်ဖူးလို့နေမှာပါလေဟု ကိုယ့်ကိုကို ဖြေသိမ့်လိုက်သည်။သူစိမ်းတွေနှင့် ရောရောထွေးထွေးမနေနဲ့ဟူသော မေမေ့ ဆုံးမစကားကိုလည်း အဲ့တုန်းက
သတိမရ။အို...သူက သူစိမ်းမှ မဟုတ်ပဲ။အတန်းသား အချင်းချင်းပဲဟာ။
သူ့အကြောင်း နဲနဲပါးပါး သိရအောင် မနက်ရောက်မှ
နာယွန်းကိုမေးရဦးမည်။မနက်တော့ နာယွန်းက ကျောင်းမှာရောက်နှင့်နေပြီ။
"ဟေး နာယွန်း ရောက်နေတာကြာပြီလား"
"အေး ငါ့ကို သချာင်္အိမ်စာပြဦး"
"အေးအေး ရော့"
ကျွန်မ စာအုပ်ထုတ်ပေးလိုက်သည်။ ဒီနေ့အိမ်စာတွေ
စစ်မှာမို့ နာယွန်းတစ်ယောက် ပြာယာခတ်နေပြီ။"နာယွန်း နင်စာလုပ်ရင်း ငါ့ကိုဖြေပေးပါလား"
"ဘာဖြေပေးရမှာတုန်း ငါက"
"ဟို...လီဆာ့အကြောင်း"
"ဟမ်!! နင်ကသူ့အကြောင်းဘာသိချင်လို့တုန်း"
"ဟိုလေဟာ...ဟို...သူက ဘယ်တုန်းကတည်းက ကျောင်းကိုရောက်တာလဲ ငါရှိတုန်းက မမြင်မိပါဘူး"
"သူက နင်ပြောင်းပြီးမကြာဘူး သူရော သူ့သူငယ်ချင်းရော အတူတူရောက်တာပဲ"
"သြော်"
"ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ"
"သူက စာတော်တယ်ဟ သူ့ကြည့်တော့စာမလုပ်ဘူးလိုလိုနဲ့ ပြီးတော့အားကစားပိုင်းလည်း မဆိုးဘူးပြောရမယ် ဘက်စုံတော်လို့ ခုထိသူ့ကိုပဲ အတန်းခေါင်းဆောင်ခန့်ထားတာပေါ့ဟယ်"
"သြော...အင်း"
"တခြား သူ့အကြောင်းလေးဘာလေးများ မသိတော့ဘူးလား"