5)

3.4K 365 14
                                    

မနက်အိပ်ရာနိုးတာနှင့် ဖုန်းကောက်ကိုင် သုံးသမျှ social mediaတွေကို checkလုပ်ရတာကိုက
ကျွန်မအတွက် နေ့စဉ်တာဝန်တစ်ခု။

သူရော....social mediaတွေသုံးမလားမသိ။

သိချင်ဇောနှင့် သူ့နာမည်လေး ရိုက်ရှာကြည့်တော့
သူ့accountလေးကို ရှာတွေ့သည်။

Followerလည်းတော်တော်များသည်။
သူနှင့်သူ့သူငယ်ချင်းပုံကလွဲပြီး သိပ်များများစားစားမရှိ။
ပုံလေးတွေကို တစ်ပုံချင်းထောက်ကြည့်ရတာကိုက
ကြည်နူးစရာအတိ။

သူက ကြောင်လေးတွေလည်း ချစ်တတ်သေးတာကိုး....
ကျွန်မလည်း ကြောင်ချစ်တယ်...ဟုတ်တယ် ခွေးလေးမွေးထားပေမဲ့ ကြောင်လည်းချစ်တယ်...

ကြောင်လေးတွေ ချစ်တတ်တဲ့ သူက နူးညံ့မှုလည်းအပြည့်ရှိမှာ။

သူ့ကို Followလုပ်လိုက်ပြီး နောက်ဆုံးတင်ထားတဲ့ ပုံကို အသဲလေးပေးခဲ့လိုက်သည်။

သူ့ပုံပေါ်မှာ နှစ်ချက်နှိပ်လိုက်ရင် ခုန်သွားတဲ့ အသည်းလေးကို ကြည့်ပြီး အူယားလိုက်တာ။ ကျွန်မ နှစ်ချက်မက
နှိပ်မိနေသည်။ နောက်ဆုံးအားရတော့မှ.....အိပ်ရာထဲက လူးလဲထပြီး ကျောင်းသွားဖို့ ပြင်ရတော့သည်။

"aigoo ငါတို့အသဲတုန်းလေး နိုးပြီလား"

"Yes mumm.. Morning Daddy"

"Morning သမီး"

"သမီးဒီရက်ပိုင်း ဘယ်သူနဲ့ အိမ်ပြန်လာတာလဲ"

"ဟို..ကျောင်းကသူငယ်ချင်းပါ မေမေ"

"ယောက်ျားလေးလား"

"မဟုတ် မဟုတ်ပါဘူးမေမေရဲ့"

မေမေထည့်ပေးသော နွားနို့ကို ဖေဖေကသောက်ရင်း ကျွန်မကို ကြည့်နေသည်။

"မသိပါဘူး သမီးကကောင်လေးများရနေလားလို့"

"ဟာ..မေမေကလည်း ရစရာလား သူကမိန်းကလေးပါ ပြီးတော့ သမီးတို့အတန်းခေါင်းဆောင် စာလည်းတော်တယ် အားကစားဆိုလည်းတော်တာပဲ သူ မတော်တဲ့နေရာက ခပ်ရှားရှား"

ဘယ်သူမှ မမေးပါပဲ သူ့အကြောင်းကို မိဘနှစ်ပါးရှေ့တွင် ချီးမွမ်းခန်းဖွင့်နေမိသည်။

Her EyesWhere stories live. Discover now