23)

2.8K 264 28
                                    

ကျွန်မ မျက်နှာမကောင်းလို့ အမေတို့က အလိုက်တသိ
ငြိမ်ပေးနေကြသည်။

အိပ်ခါနီးမှ အမေက အခန်းထဲဝင်လာသည်။

"အလုပ်က ပင်ပန်းလို့လား သမီး"

"ဟင့်အင်း ...."

"သမီးပြန်လာကတည်းက တမှိုင်မှိုင် တတွေတွေ ဖြစ်နေတာ"

"မေမေ"

"ပြောလေ သမီး"

"သမီး ဒီနေ့ .......သူနဲ့ တွေ့ခဲ့တယ်"

"သမီးရယ်..."

"သမီးသူ့ကို ထပ်ပြီးမခွဲချင်တော့ဘူး မေမေ သမီးဘာ
လုပ်ရမလဲဟင်"

"ဆိုခဲ့တဲ့အတိုင်းပဲ အမေတို့က သမီးအချစ်ရေးကို စိတ်
ကြိုက်လုပ်ပိုင်ခွင့်ပေးထားတယ်လေ သမီးဘက်ကလည်း ကတိတည်ပြီး CEOဖြစ်အောင်ကြိုးစားခဲ့တယ် မေမေတို့ဘက်ကလည်း........"

မေမေက ကျွန်မပါးလေးကိုညှင်သာစွာကိုင်ပြီး

"သမီး သူ့ဆီသွားချင်ရင်သွားနိုင်ပါတယ်ကွယ်"

ချက်ချင်းကားသော့ယူပြီး ကျွန်မ ကားမောင်းထွက်လာလိုက်သည်။ အချိန်ကိုကြည့်တော့ ည၈နာရီကျော်နေပြီ။
ဆေးရုံက အဝင်ခံပါ့မလားတောင်မသိတော့။
ဧည့်တွေ့ချိန်ကျော်နေပြီ။

ဆေးရုံအုပ်အကူအညီကြောင့် ကျွန်မ ဝင်ခွင့်ရခဲ့သည်။

သူ့အခန်းထဲရှာတော့မတွေ့။
ပန်းခြံထဲသွားရှာကြည့်တော့မှ.....ကလေးတစ်သိုက်နှင့်သူ....

ကြယ်လေးတွေကိုလက်ညှိုးထိုးပြပြီး ပုံပြင်ပြောပြနေတဲ့သူ

အဝေးကနေလှမ်းကြည့်ရင်တောင် ကျွန်မရဲ့
နတ်သမီးလေးက ပြီးပြည့်စုံနေတာ...

စိတ်ဝင်တစားနဲ့ ခြေဟန်လက်ဟန်တွေနဲ့ပါ ပုံပြင်ပြောပြနေတဲ့ သူ့ကို မနှောင့်ယှက်ရက်ပါ။

ဒါကြောင့် ကျွန်မဆေးရုံအုပ်အခန်းဘက်သို့ ထွက်လာ
လိုက်သည်။

  "........×××"

"ဟုတ် ကျေးဇူးပါဒေါက်တာ"

ဆေးရုံအုပ်ရုံးခန်းထဲက ထွက်လာတဲ့ ခြေလှမ်းတွေက
လေးလံနှေးကွေးနေသည်။

Her EyesWhere stories live. Discover now