ဒီနေ့တော့ကျောင်းပိတ်သည်မို့ အိမ်မှာ တစ်ယောက်ထဲ။
အမေက ဒေါ်လေးဆေးရုံစောင့်။
အဖေက ရုံးသွား ။
အဒေါ်ကြီးကတော့ ညနေမှ လာမည်ဟုပြောသည်။တစ်ယောက်တည်းမို့ အိပ်ရာက ၈နာရီလောက်မှ
ထသည်။သီချင်းလေး တညီးညီးနှင့် အိပ်ရာထ မျက်နှာသစ်
ခေါင်းဖြီးရတာကိုက ကျေနပ်ဖွယ် မနက်ခင်းတစ်ခု။ခန်းဆီးလေးဖွင့် ပြတင်းပေါက်လေးဖွင့်လိုက်တော့
နေခြည်နုနုလေးက မျက်နှာပေါ်ကျရောက်လာသည်။အသက်ကို ဝအောင်ရှူလိုက်ပြီး ပါးစပ်ကနေမှုတ်ထုတ်လိုက်သည်။ ဟူး.......
ဒီလိုချိန် သူသာ ဘေးနားရှိရင်.....အဲ....လိုင်းပေါ်တက်ဦးမှပါ..
သူ ပုံလေးတွေ updateတင်ထားမလားမသိ။လိုင်းဖွင့်သည်နှင့် ဖုန်း၏တုန်ခါမှုနှင့်အတူ ဝင်လာသော messageတစ်စောင်။
ကိတ်နဲ့ကော်ဖီကစားလို့အဆင်ပြေရဲ့လား တဲ့
ဒီmessageကို ဘာလို့ညက မမြင်လိုက်ရတာလဲ။
ညက သူပို့တဲ့အချိန်မှာသာ မြင်လိုက်ရရင် သူနဲ့စကားတွေ အများကြီးပြောလို့ရဦးမှာကို....အင်း စားလို့ကောင်းတယ် အဆင်လည်းပြေတယ် ကျေးဇူးပဲ..
ကျွန်မ စာပြန်ပို့လိုက်သည်။
ဖြစ်နိုင်ရင် အနမ်းပွင့်လေးပေးတဲ့ Emojiလေးပါ ထည့်ပေးချင်တာ..ကိုယ့်လိပ်ပြာကိုမလုံတော့လည်း ထည့်မပေးရဲ။မေမေက ကျွန်မအတွက် မနက်စာ ပြင်ပေးထားခဲ့သဖြင့်
မနက်စာကိုယူပြီး TVရှေ့မှာပဲ စားလိုက်သည်။TVအစီစဉ်တွေကလည်း ပျင်းဖို့ကောင်းလိုက်တာ။
ဟိုလိုင်းပြောင်း ဒီလိုင်းပြောင်း....
အား...ကိတ်မုန့်လုပ်နေတဲ့ အစီစဉ်တစ်ခုတော့ ကျွန်မ
စိတ်ဝင်စားသွားသည်။ဟုတ်တယ်!! သူ့အတွက် ပန်ကိတ်လေးလုပ်ပေးရမယ်...
မီးဖိုထဲ လှန်လှောရှာ...ကျွန်မသင်ကြားခဲ့ရတဲ့ အတိုင်း ပန်ကိတ်လေးကို အဆင့်ဆင့်လုပ်..
နောက်ဆုံး Creamအဖြူလေးကို ရေခဲမုန့်ပုံစံလေး
ညှစ်ချပြီး red berryသီးလေးတင်လိုက်သည်။