12)

2.9K 337 26
                                    

အိပ်ပျော်ချင်ယောင်ဆောင်နေသော ဖုန်းလေး ...

ကျွန်မကပဲ အမြဲစဆက်မှ.....သူနဲ့ဖုန်းပြောဖြစ်တယ်ဆိုတာ  ဖြစ်လာတာ။

၂ရက်တောင်ရှိပြီ သူကျောင်းလည်းမလာဘူး။
ဖုန်းလည်း......အင်း  ကျွန်မ မဆက်ရဲဘူး။

ဒီနေ့က ခရစ္စမတ်နေ့။
ကျောင်းပိတ်သည်။
ခရစ္စမတ်နေ့ကို အကြောင်းပြုလို့.....ကျွန်မ Messageပို့ဖို့ ကြိုးစားကြည့်သည်။

လက်တွေက ကတုန်ကယင်။
သူ့မမနဲ့ အတူတူရှိနေရင်ရော.....

အိပ်ရာပေါ်သို့ ဖုန်းကို ပစ်ချလိုက်သည်။
လမ်းမှားပြီးများ သူ့Messageတွေ ကျွန်မဆီရောက်မလား ဒါမှမဟုတ် အယောင်ယောင်အမှားမှားနဲ့ ကျွန်မကိုဖုန်းခေါ်မလား ဆိုတဲ့အတွေးနဲ့။

လွမ်းလှပြီ အချစ်ရေ...လွမ်းလှပြီ။
အချစ်မို့လို့ ကိုယ့်ကို ပစ်ထားရက်တယ်။

နောက်ဆုံးတော့ ဖြစ်လာသမျှကိုရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီး
သူ့ဆီ Messageပို့လိုက်သည်။

Merry Christmas!!🎄🌟

Sendဆိုတာလေး ပေါ်လာတော့ ရင်တွေခုန်ရသည်။
သူက ပြန်မပို့ရင်ရော......အား.....
သူစိတ်မဆိုးလောက်ပါဘူး ....သူက အဲ့လိုလူမှမဟုတ်တာ

တောင်!!

Messageသံက ကျွန်မကို တကယ်ထိတ်လန့်စေတာ။

ဟူး......ခနဲ သက်ပြင်းချပြီး screenပေါ် ပေါ်နေတဲ့ Messageလေးကိုဖတ်လိုက်တော့

Merry Christmas !! 🎄🌟 တဲ့

ဘာလဲ သူကျွန်မ Messageကို Copy Pasteလုပ်ပြီးများ ပို့လိုက်တာလား။
သူ စိတ်ဆိုးနေတာ....ဟုတ်တယ် ကလေးကစိတ်ဆိုးနေတာ။

ကလေးစိတ်ဆိုးနေတော့လည်း ဒီက မမကချော့ရမှာပေါ့ကွယ်။

ဘာပဲပြောပြော Messageတော့ပြန်ပို့သည်မို့ အခြေနေကောင်းသည်ဟု ထင်သည်။

မိနစ်အနည်းငယ်ထိ စဉ်းစားပြီးမှ သူ့ဆီ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။

တူ...~~ တူ~~

ကြည့် ဖုန်းသာကိုင်တာ ..ဟဲလို လို့တောင်မပြောဘူး။
တော်တော်စိတ်ဆိုးနေတာဖြစ်မယ်  အင်းလေ စိတ်ဆိုးသင့်တာပဲ။

Her EyesWhere stories live. Discover now