13)

2.8K 326 17
                                    

သူ ကျွန်မကို စကားလည်းလာမပြောတာကြာပြီ။

ဒီနေ့တော့ စာသင်နေတုန်း နောက်ကနေ အကြာကြီး စိုက်
ကြည့်နေတာကို ကျွန်မခံစားမိသည်။

နေ့လည်စာစားဖို့ဆင်းမှ စကားပြောဖြစ်သည်။
"စာတွေ အဆင်ပြေရဲ့လား လီဆာ"

"အင်း ပြေပါတယ်"

ကျွန်မကပဲ စကားစပြောရသည်။

"ငါရှင်းပြဖို့လိုသေးလားဟင်"

"ဒီစနေအားလား"

"အားတယ်"

အားပါတယ် ဂျပန်သင်တန်းဖျက်ရင်ပေါ့လေ။
ဖျက်သင့်ရင် ဖျက်ရမှာပေါ့။

"အဲ့ဒါဆို ငါ့ကို အဲ့နေ့ကျစာရှင်းပြလေငါမမှီတဲ့ဟာတွေ
ရလား"

"ရပါတယ်"

"သြော နောက်ပြီး ကော်ဖီဆိုင်မှာပဲတွေ့ရအောင်"

"ချယ်ယောင်းရဲ့ဆိုင်လား"

"အင်းလေ အဲ့မှာပဲတွေ့တာပေါ့"

ခုတလော သူကျွန်မကို သိပ်စိမ်းနေသလိုခံစားရသည်။
ကျွန်မကပဲ....အဲ့လိုခံစားနေရတာများလား......
သူကပဲ.......

ကျောင်းဆင်းတော့လည်း ကျောင်းပေါက်မှာ ကျွန်မရပ်နေခဲ့ပေမဲ့ သူက Somiနဲ့တွဲသွားပြီး ကျွန်မကို ကျော်သွားသည်။ သူကျွန်မကို မမြင်တာပဲနေမှာပါ။

ပြီးတော့ သူ့မမရဲ့ ကားဆီ။
သူ့မမက ဒီနေ့တော့ ကားအပြင်ဘက်က ထွက်စောင့်နေသည်။ သူ့မမက ကျွန်မအတွေးထဲကထက် ပိုပြီး
ကျက်သရေရှိနေသည်။

ခါတိုင်းလိုတောင် ကျွန်မကို နှုတ်မဆက်တော့ဘူး။

ကားအဖြူလေးစက်နှိုးပြီး ထွက်ခွာသွားသည်အထိ ကျွန်မ အိမ်ကလာမကြိုသေး။တကယ်လို့သာအိမ်က စောကြိုခဲ့ရင် ကျွန်မဒီမြင်ကွင်းတွေကို မြင်ရမှာမဟုတ်။ ဒါအိမ်က
နောက်ကျလို့။

"Jennie yaa..လာမကြိုသေးဘူးလား"

"အင်း"

"ငါလိုက်ပို့ရမလား"

"နေပါစေချယ်ယောင်း"

"ရရဲ့လား"

"ရပါတယ်"

"ငါအတူတူစောင့်ပေးမယ်လေ နင်တစ်ယောက်ထဲဖြစ်နေမှာ"

"အားနာစရာကြီး နင်ပြန်လိုက်ပါ ငါကရတယ်"

Her EyesWhere stories live. Discover now