24)

2.6K 284 19
                                    

"မိုးတွေအရမ်းရွာနေတာကိုအချစ်ရယ် တံခါးလည်းမပိတ်ဘူး အဆုတ်အအေးပတ်ကုန်မှဖြင့်"

ကုတင်ပေါ်မှာ စောင်တစ်ဝက်ခြုံပြီး စာအုပ်ဖတ်နေသော သူက အေးအေးဆေးဆေးပင်။ ကျွန်မကသာ....

တံခါးတွေပိတ်ရင်း သူ့ကိုလှမ်းကြည့်မိတော့......

သူအတော်ပိန်သွားတာ၊ အသားရည်ကလည်း အရင်လိုမဟုတ်တော့။ ခပ်မွဲမွဲအရောင်နဲ့။ နှုတ်ခမ်းတွေကလည်း
မည်းလာတာ။

ကိုယ့်အချစ်ကျမှ ဒါမျိုးလာဖြစ်ရသလားကွယ်။

အခုနောက်ပိုင်း သူ့ကိုစိတ်မချလို့ တိုက်ခန်းသို့မပြန်စေပဲ
ဆေးရုံမှာချည်း တောက်လျှောက်နေခိုင်းရတော့သည်။

ကော်ဖီတစ်ခွက်ကိုဖျော်ရင်း သူ့ဘေးနားလေးဝင်ထိုင်လိုက်သည်။

"Jenကအိမ်မပြန်ဘူးလား မိုးတွေရွာနေတာကို"

"အင်း အချစ်နဲ့နေချင်လို့လေ"

"အင်းပါ" သူကခပ်ဖွဖွလေးပြုံးပြပြီး သူ့ရင်ခွင်ထဲသို့
ကျွန်မကိုခေါ်ကာ နွေးထွေးစေသည်။

မိုးရေတွေကြောင့် အေးလာတဲ့ကျွန်မ သူ့ရင်ခွင်ထဲရောက်တော့ သွေးကြောတွေအထိပါနွေးသွားရသည်။

ရုံးကိစ္စ ပူလောင်ရပေမဲ့ သူအပြုံးနှင့်တွေ့တော့ အပူတွေ
က ငြိမ်းသွားရသည်။

စာဖတ်နေတဲ့ သူ့ကို ရင်ခွင်ထဲကနေ မကြာခဏ ခိုးခိုးကြည့်မိသည်။သိပ်ကို မြတ်နိုးရတဲ့ မျက်ဝန်းညိုတွေကိုပေါ့။

ရုတ်တရက် သူက ကျွန်မနဖူးကို ခိုးနမ်းသွားသည်။

နမ်းတဲ့သူကမသိပေမဲ့....ကျွန်မကတော့........

"Jen...Jen...."

"Jenမျက်တောင်လေးဘာလေးခတ်ဦး"

"ရှင်! အဲ အင်း ဘာပြောလိုက်တာလဲ"

"ဘာဖြစ်သွားတာလဲကောင်မလေး"

"ဘာမှ...မဖြစ် ပါဘူး...ဘာဖြစ်နေလို့လဲ"

"မသိပါဘူး...ရှက်များရှက်သွားတာ..လား....."

ဟာ...သူနော်.....လူကိုမနေတတ်အောင်လုပ်ပြီ။

အဲ့ဒီလိုပဲ ကျွန်မတို့၂ယောက် အတူရှိနေတဲ့အချိန်မှာကြည်နူးဖို့အကောင်းဆုံးအရာတွေကိုရွေးပြီး ဖန်တီးခဲ့ကြသည်။

Her EyesWhere stories live. Discover now