20) - Lalisa

4K 341 46
                                    

မြင်မြင်ချင်း အချစ်တဲ့။
နင်အဲ့ဒါကိုယုံလား Jen..

ဟင့်အင်း ငါလည်း မယုံပါဘူး..
ဘယ်နှယ့်ဟာ..လူတစ်ယောက်ကို မြင်ရုံနဲ့ ချစ်စရာလား..
အဲ့ဒီလူ ရူးနေလို့ပဲဖြစ်မှာပေါ့နော် Jen....

အင်း ........ငါ ရူးနေတာ......

ကျောင်းဖောင်တင်ထားတဲ့ passportပုံလေးတစ်
ပုံကြောင့် ငါရူးသွားတာ..

နာမည်လေးကလည်း Jennie Kim တဲ့
ဘယ်လောက်တောင် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ နာမည်လေးလဲ။

ဒီလိုနဲ့ ကျောင်းစဖွင့်တဲ့ရက်ရောက်တော့.....

ငါချစ်တဲ့ နင့်ကို နင့်သူငယ်ချင်းနဲ့ အတူတွေ့လိုက်ရတယ်။
ငါနင့်ကိုခင်ချင်တယ်...ဒါပေမဲ့...ငါဘာလုပ်ရမလဲဆိုတာ မသိဘူး....အဲ့ဒါနဲ့ပဲ စစလာကတည်းက နင့်ကိုဒဏ်ရာပေးပြီး ဝင်လာခဲ့တယ်။

ငါအဲ့တုန်းက နင်များစိတ်ဆိုးသွားမလားဆိုပြီး
အရမ်းကြောက်နေခဲ့တာJen။
ပြီးတော့ အရမ်းလည်းစိတ်ပူနေခဲ့တာ။
နင်အရမ်းနာသွားလားဟင် Jen...
နှာခေါင်းသွေးတွေထွက်တာကို ကြည့်ပြီး ငါ့ရင်ထဲတော်တော်အောင့်သွားတာ။
ငါ့ကိုယ်ငါလည်း ...ခွင့်မလွှတ်နိုင်ခဲ့ဘူး..

အဲ့ဒီနောက် နင့်အနားနားလေး ရောက်ဖို့ ငါလမ်းတွေရှာတယ် Jen...အဲ့တုန်းက ကံကြမ္မာက ငါ့ဘက်မှာအတော်လေးရှိနေခဲ့တာများလား.....နင့်ကိုငါ အိမ်လိုက်ပို့ခွင့်ရတယ်လေ။

နင်ကငါ့ခါးကို ဖက်လိုက်တော့ ငါ့နှလုံးသားက ပရမ်းပတာကိုခုန်တာjen...ဓာတ်လိုက်တာလိုလို ဘာလိုလိုနဲ့ ငါမပြောပြတတ်ဘူး...
နင့်အိမ်ထဲရေဝင်သောက်တာကလည်း နင့်အငွေ့အသက်တွေနဲ့ ထွေးရစ်ပြီးမှ ငါအိမ်ပြန်ချင်လို့လေ။

နောက်ရက်တွေမှာလည်း နင်နဲ့ပဲငါအတူတူပြန်ချင်တော့တယ်။ နေဝင်ချိန်တွေ နေထွက်ချိန်တွေမှာ နင်နဲ့ပဲ အတူတူရှိချင်တာမျိုး ဖြစ်လာတယ်။

ဆိုင်ကယ်နောက်က နင်ထိုင်တော့ ငါ့မှာလေ....
နင့်ဆံပင်တွေကို ဖွသွားရတော့ ငါ့မှာလေ ......
နင့်ဆံပင်တွေကိုဖွလို့ နင်ဖြစ်သွားတဲ့ရုပ်လေးကို ကြည့်ပြီး ငါ့မှာလေ......

Her EyesWhere stories live. Discover now