အခန်း - ( ၁ )

12.2K 346 11
                                    


မရဏလမ်းသို့ ခရီးစခြင်း,

"အိမ်ရှင်တို့ အိမ်ရှင်တို့......,ဗျို့ အိမ်ရှင်တို့....."

ခေါ်သံကြောင့် ရတီလည်း အပင်ရေလောင်းနေရာမှ ရေပိုက်ကိုချကာ အသံလာရာသို့ လျှောက် လာလိုက်သည်။

ခြံရှေ့တွင် တွေ့လိုက်ရသည်က အသက်ကြီးကြီး ခပ်ဝဝ လူတစ်ယောက်နှင့် အရပ်ရှည် ရှည် ဗလတောင့်တောင့်နဲ့ လူတစ်ယောက်....။

အသက်ကြီးကြီးလူက နှုတ်ခမ်းမွှေးကားကားနှင့် လွယ်အိတ်ကို လဲ လွယ်ထားကာ ခေါင်းအထက်တွင်လည်း သဘက်တစ်ထည်ကို ပေါင်းထားသေးသည်။

အောက်ခံ လည်ကတုံးအဖြူပေါ်မှ တိုက်ပုံကို ထပ်ဝတ်ထားသည်။ ထိုလူ၏ ပုံသဏ္ဍာန် မှာ ဆေးဆရာတစ်ယောက်နှင့်ပင်တူနေသည်။

သူ့ဘေးတွင် ပါလာသူကတော့ အသက်နှစ်ဆယ်ကျော် အစိတ်အရွယ် ဗလတောင့်တောင့်နှင့် တိုင်းရင်းသားတစ်ယောက်ပုံစံပင်။ ထိုလူက ဝါးခမောက်ကို ဆောင်းထားသည်။

ရတီလည်း ထိုလူနှစ်ယောက်ကို အကဲခတ်ရင်း ခြံတံခါးနားသို့ အရောက် လှမ်းမေးလိုက်သည်။

" ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်..."

ထိုအခါ နှုတ်ခမ်းမွှေးနဲ့လူကြီးကပင် ဖြေလေသည်။

"ဦးကြီးတို့က မောင်မင်းအောင်နဲ့ တွေ့ချင်လို့ပါ နယ်က လာကြတာပါ ။ "

ရတီလဲ ခြံတံခါးဖွင့်ပေးကာ......

"ဟုတ်ကဲ့ .....ကြွပါရှင့် ကိုကို အိမ်မှာရှိပါတယ် "

ဧည့်ခန်းထဲရောက်သော်

" ဦးကြီးတို့ ခဏလေးစောင့် ပေးပါနော် ရတီ ကိုကို့ကို သွားခေါ်လိုက်ပါဦးမယ် "

" ကောင်းပါပြီ ကလေးမ....."

ခဏအကြာ.......

"ဘယ်ဘယ်သူများလဲလို့ ဆရာကြီးတို့ပါလားဗျာ့....။" ဟု အားရဝမ်းသာ နှုတ်ဆက်သံနှင့်အတူ ကိုမင်းအောင်ဆင်းလာလေသည်။

" ဆရာကြီး....နေကောင်းရဲ့လားဗျာ့.... "

"ကောင်းပါ့ မောင်မင်းအောင်ရယ်...."

"ကျွန်တော့ဆီ လာတယ်ဆိုတော့..... နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ် ဆရာကြီးရေ.....။"

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now