Part 2

17.7K 1.7K 58
                                    

"နိုးပြီလား ကိုယ်လုပ်တော်..!"

"ဟင်..!"

ဘာလဲ။ဒီအိမ်မက်ထဲကနေ ထွက်မရသေးဘူးလား။

"ကိုယ်လုပ်တော်။ဒီနေ့ အရှင်လာတွေ့မှာပါ..
အဲ့တာ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအောင်လေ..!"

ကောင်လေးစကားကိုရှောင်ကျန့်မကြားသလို
ထိုနေရာလေးမှာပဲ ငုတ်တုတ်။

"ဟိုလေ..ကျွန်တော့်နာမည်က
ဘာလဲဟင်..!ပြီးတော့ မင်းက..."

လက်ညိုးတစ်ထိုးထိုးနဲ့သူ့စကားအဆုံး
အခန်းထဲမှအော်ဟစ်ပြေးသွားသည့်
ကောင်လေး။

ခဏကြာတော့ ဆေးပုံးလေးကိုင်ကာ
တုန်တုန်ရီရီနဲ့ အဖိုးကြီးတစ်ယောက်ပါ
ပါလာခဲ့သည်။

ဘာမပြောညာမပြောနဲ့ ရှောင်ကျန့်တစ်ကိုယ်လုံးကို
ဟိုစမ်းဒီစမ်းလုပ်ပြီး

"ခေါင်းထိသွားတယ်ထင်တယ်။အိမ်တော်ပေါ်က
ပြုတ်ကျတဲ့အရှိန်ကသေးမှမသေးတာ။
ဒီအခြေနေထိ တိုးတတ်လာတာကိုပဲ
ကျေးဇူးတင်ရမယ်..!"

အဖိုးကြီးပြန်သွားသည့်တိုင်ရှောင်ကျန့်
ကြောင်နေမိတုန်း။

*ဘာတဲ့ ။အိမ်တော်ပေါ်က ပြုတ်ကျတာ။
ငါအခုဝင်နေတဲ့ခန္ဓာကိုယ်က
ကလေးတစ်ယောက်များလား။*

တွေးတွေးဆဆနဲ့ မှန်ရှိရာကိုအပြေးသွားပြီး
ကြည့်မိလိုက်တော့ ကိုယ့်ပါးစပ်ကို
လက်နဲ့အုပ်မိသည်ထိ အံ့သြရသည်။

ရှောင်ကျန့်မှ ရှောင်ကျန့်အစစ်ပါ။
ဆံပင်လေးရှည်နေပြီး ရှေးရိုးရာ
ဝတ်စုံတွေဝတ်ထားတာကလွဲလို့။

"ကိုယ်လုပ်တော်။အဆင်ပြေရဲ့လား..!"

သူ့အနား မရဲတရဲကပ်လာတဲ့ကောင်လေးကို
သေချာပြန်ကြည့်ရင်း

"မင်းက ဘယ်သူလဲ..!"

"ကျွန်တော်က ကိုယ်လုပ်တော်ဝေ့ရဲ့
အစေပါးလေ။!"

"အော်...အဲ့ကိုယ်လုပ်တော်ဝေ့က
ဘယ်သွားလို့လဲ..!"

"ကိုယ်လုပ်တော်..ဝေ့က
ကိုယ်လုပ်တော်လေ...!"

ရှောင်ကျန့်ဘက်ကိုလက်ညိုးလေးထိုးကာ ပြောလိုက်သည့်ကောင်လေးကြောင့်ပြောစရာရာစကားတို့
လည်ချောင်းထဲမှာနစ်မြုပ်လျက်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now