Part 11

12.6K 1.3K 37
                                    

"ရှောင်ကျန့်...."

အသံသေးသေးလေးရဲ့ ဆွဲဆောင်မှုကြောင့်
ပိတ်ထားတဲ့မျက်လုံးများကို
အားယူဖွင့်မိသည်။

ဘယ်ရောက်နေတာလဲ......

ပတ်ဝန်းကျင်ကတော့မြူတွေဆိုင်းလို့။
အဖြူရောင်ပြင်ကျယ်ကြီးတစ်ခုကလွဲပြီး
ဘာမှမရှိတဲ့အနေထားမှာ ရှောင်ကျန့်
ထိန့်လန့်စွာ ပတ်ပတ်လည်ကိုကြည့်မိသည်။

"ရှောင်ကျန့်...မကြောက်ပါနဲ့...
ငါ...ဝေ့ရင်းပါ"

"ဝေ့..ဝေ့ရင်း.."

"ငါ့ကိုကူညီပါဦးရှောင်ကျန့်!"

တုန်ရီနေတဲ့ သူ့ကိုယ်က
စကားလုံးတွေကို ထွက်ခွင့်မပြု။
နှုတ်ခမ်းတွေတွေ ခြောက်သွေ့နေတယ်လို့
ခံစားရတာကြောင့် လျှာဖြင့်တစ်ချက်သပ်ကာ
ငြိမ်နေမိသည်။

ဘာကစပြောရမလဲမသိလို့။

"ရှောင်ကျန့်...ငါ့ကိုကူညီမယ်မလားဟင်.."

"ဘာ..ဘာကိုလဲ..."

"ငါ...ငါ့ခန္ဓာကိုယ်ထဲ ပြန်လာချင်တယ်.."

ရင်ခုန်နှုန်းတွေရပ်တန့်သွားပြီး
မျက်ဝန်းတွေ ကမျက်ရည်တွေက
အလိုလျောက်ခုန်ဆင်းလာသည်

ဘာလို့ငိုတာလဲ.....
တကယ်ဆို သူ့ခန္ဓာကိုယ်သူလိုချင်တာ
တရားပါတယ်.

"အဲ့တော့...ငါဘာကူပေးရမှာလဲ..
တကယ်ဆို မင်းက သေချင်လွန်းလို့
ကိုယ့်ကိုကိုစီရင်ခဲ့တဲ့သူမဟုတ်ဘူးလား"

စိတ်ထဲရှိတာပြောလိုက်တော့
တရွှတ်ရွှတ်နဲ့ ငိုသံလေး
ထွက်လာသည်။

"ငါ...ငါ ...အဆုံးစီရင်တာမဟုတ်ဘူး...
ငါ..လူသတ်ခံရတာ.."

"ဘာ!!"

"ဟုတ်တယ်...ငါ့ကို လူတစ်ယောက်
အဆောင်တော်ပေါ်ကနေတွန်းချသွားတာ...ဘယ်သူမှန်းလဲမသိဘူး..
ငါသတိရတော့ ငါ့ခန္ဓာကိုယ်ထဲမှာ
မင်းရောက်နေပြီ...."

ရုတ်တရက် ဆိတ်ငြိမ်တဲ့အနေထားမှာ
ဝေ့ရင်းငိုသံဟာပျံ့လွင့်လို့။
ရင်ဘတ်ထဲက ခံစားရတဲ့
အနေထားကတင်းကျပ်လိုက်တာဆိုတာ။

"ငါ့ကို တရားခံဖော်ပေးပြီး ငါ့ခန္ဓာကိုယ်ကို
ပြန်ပေးပါနော်....ငါတောင်းဆိုပါတယ်"

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now