"၀မ့်ကျီး....ဒီပန်းချီကားကို
ဘယ်ကရတာလဲဟင်"နေ၀င်ပန်းချီကားလေးကို လက်ညိုးထိုးမေးတော့
ဝမ့်ကျီးကသက်ပြင်းအသာချကာ
သူ့နားရောက်လာသည်။"မမေးနဲ့..."
"သိချင်လို့ကို..."
"ငါလည်းမဖြေချင်လို့ပေါ့"
နှုတ်ခမ်းစူမိသွားတော့ ၀မ်ကျီးးက
ရယ်ကာသူ့ခေါင်းကိုခပ်ဖွဖွပုတ်ရင်း"တစ်နေ့သိမှာပါ...စိတ်ထဲမထားနဲ့"
"အင်းပါ...အင်းပါ...မပြောပြချင်တိုင်း"
"ကိုယ်ဒီနေ့ အပြင်သွားစရာရှိတယ်...
ဆေးကိုအချိန်မှန်သောက်ပြီး နားနားနေနေနေနော်။
ဘယ်မှလျှောက်မသွားနဲ့...""မသွားဘူး..စိတ်ချ"
"ဘယ်သွားမှာလဲလို့မမေးဘူးလား.."
"မေးလည်းဖြေမှာမဟုတ်ဘဲနဲ့လာစမနေနဲ့"
"ဟုတ်ပါပြီကွာ.."
နဖူးပြင်ကိုခပ်ဖွဖွ ထိတွေ့သွားတဲ့ ၀မ့်ကျီး
နှုတ်ခမ်းတွေကြောင့် သူမျက်လုံးလေး
လှန်ကာမော့ကြည့်မိတော့"စောစောပြန်လာခဲ့မယ်..."
🎴🎴🎴🎴🎴🎴🎴
ဝမ့်ကျီးထွက်သွားပြီးသည်နှင့် ရှောင်ကျန့်
အဆောင်ထဲမှာ တစ်ယောက်ထဲ ပျင်းတာကြောင့်
အပြင်ကို ခဏထွက်ဖို့ကြံလိုက်သည်။အစကတော့ အဆောင်နဲ့ အနီးဆုံးကိုသာ
သွားဖို့ပြင်လိုက်သော်လည်း
တကယ်တမ်းကြ သူနည်းနည်းဝေးဝေးထိရောက်ဖြစ်သွားသည်လေ။အချိန်ကြည့်တော့ မွန်းတည့်တော့မှာမို့
အဆောင်ကိုသာ သုတ်ခြေတင်ပြန်ခဲ့လိုက်သည်။"ဟိတ်...မင်းဘယ်သူလဲ"
အဆောင်ထဲမှာ ကြိုရောက်နေနှင့်တဲ့ မိန်းကလေးတစ်ယောက်က
ရှောင်ကျန့်ကိုအလှဆုံး ပြုံးပြကာ"ကိုယ်လုပ်တော်ဝေ့လား...၀မ့်ကျီးအရှင်က
ကျွန်တော်မျိုးမကို ကိုဟ်လုပ်တော်ရဲ့
ကျန်းမာရေးအတွက်
ခေါ်လာတာပါ။ရောက်ရောက်ချင်း
ကိုယ်လုပ်တော်ကိုမတွေ့တာနဲ့သွားရှာလေရဲ့"
YOU ARE READING
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanfictionအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း