Part 12

12.4K 1.2K 39
                                    

"သူတို့တွေက.."

၁၀ယောက်လောက်ရှိတဲ့ လူကြီးတွေ
မိုးလင်းတည်းက ရှောင်ကျန့်အဆောင်ရှေ့မှာ
အတောင့်လိုက် ရပ်နေတာကြောင့်
ဘေးနားက လန်ဝမ့်ကျီးကို
နာ်းလည်သလိုမေးလိုက်မိသည်။

"မင်းလေးက အဲ့ကန်ထဲခုန်ခုန်ချလွန်းလို့
အစောင့်တွေထားပေးထားတာ.."

"ဒီလောက်အများကြီး ဘာလုပ်မှာလဲ
ပြီးတော့သူတို့ကလက်ရွေးစင်စစ်သည်တော်တွေလေ။
ကျွန်တော့်တစ်ယောက်တည်းတွက်
အရေးမပါတာတွေမလုပ်ပါနဲ့"

"အရေးမပါပဲ လုပ်ပါ့မလား။
မင်းသိလား..မင်းကိုရေထဲမှာ
တွေ့လိုက်ရတုန်းက ကို့ဦးနှောက်ထဲမှာ
ဘာဆိုဘာမှမရှိတော့ဘူး...
တံတားပေါ်ကနေ ရေထဲ ဘယ်လိုရောက်သွားလဲ
တောင်မမှတ်မိတော့တဲ့အထိ။"

ရှောင်ကျန့် ၀မ့်ကျီးကိုတွေဝေစွာကြည့်ရင်း
မျက်နှာလွှဲကာ မျက်ရည်တို့ကိုပုတ်ခတ်တားလိုက်သည်

အခုနေ ဘာအလုပ်ချင်ဆုံလဲမေးရင်
ရှောင်ကျန့် ကို့ယ်ကိုကိုအပြစ်ပေးချင်တာပင်။

ရိပေါ်ကို ချစ်နေတုန်း
ဝမ့်ကျီးတွက် ရင်ခုန်နေတာ
ဖြစ်မှမဖြစ်သင့်တာ။

"ကျေးဇူးတော့တင်ပါတယ်။
ဒါပေမဲ့ ဒီလိုကြီးမလုပ်ပါနဲ့။
အချူပ်ကျနေသလိုခံစားရတယ်..."

"ဒါပေမဲ့ မင်းက..."

"စိတ်ချ...နောက်တစ်ခါ အဲ့ရေကန်ကို
ခင်ဗျားနဲ့ပဲ တူတူသွားမယ်။
ကျွန်တော့ကိုယုံရင် အရင်တိုင်းထားပေးပါနော်.."

သက်ပြင်းချတဲ့ ၀မ့်ကျီးက ဝေ့ရင်းဆိုတဲ့
ကောင်လေးရဲ့ အလိုကို အရမ်းလိုက်ပါတယ်။

*မင်းကံကောင်းလိုက်တာဝေ့ရင်း*

🎴🎴🎴🎴🎴🎴🎴

"တောက်...သားတော်က ရေထဲကို
မဆိုင်းမတွခုန်ဆင်းတယ်ပေါ့...ဟုတ်လား"

"မှန်လှပါ မယ်မယ်..ကျွန်တော်မျိုးတို့လှမ်းဆွဲတာ
မမှီခဲ့ပါဘူး။ပြီးတော့ ကုန်းကုန်းကြီးကလည်း
ရှိနေတာကြောင့် ငြိမ်နေခဲ့ရတာပါ။"

မိဖုရားခေါင်ကြီး သူမအပိုင်
ကုန်းကုန်းရဲ့စကားကြောင့်သက်ပြင်းကိုချမိသည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now