Part 18

10.8K 1.1K 27
                                    

ကုတင်ပေါ်က ဖြူဖျော့ဖျော့ကောင်လေးကို
ကြည့်ရင်း ၀မ့်ကျီးသက်ပြင်းချမိသည်။
မီးခိုးမှိုင်းတွေနဲ့ လက်ဖြူဖြူလေးကို
ရေ၀တ်နဲ့တယုတယသုတ်ပေးလိုက်တော့
မြင်ရတဲ့ ဒဏ်ရာသေးသေးတွေကြောင့်
ရင်ဘတ်ထဲ စစ်ခနဲ။

"အရှင်...အနားယူပါအုံး.."

"ရတယ်...မင်းတို့နားတော့...ငါကိုယ်တော်
စောင့်လိုက်မယ်.."

သူ့စကားကို အစေခံတွေက တွန့်ဆုတ်နေကြသည်။
မလှမ်းမကမ်းက မယ်တော်ကမကျေနပ်သော
အကြည့်တို့ဖြင့်လှမ်ကြည့်ရင်း

"သားတော်...ဘာမဟုတ်တဲ့ကိစ္စလေးနဲ့
ဘာလို့ အပင်ပန်းခံနေတာလဲ။
မယ်တော်သင်ထားတာတွေ မေ့သွားပြီလား။
အရေးမကြီးရင် သွေးနီးနေစရာမလိုဘူး
ဆိုတဲ့စကားကို.."

ဝမ့်ကျီးကသူမကိုမကြည့်ဘဲ ရှောင်ကျန့်
လက်ဖွေးလေးများကိုသာ တယုတယ ပွတ်သတ်ရင်း

"သားနာလည်တာမို့ မယ်တော်ပြန်ပါတော့"

ရူးရူးရှဲရှဲဖြစ်သွားတဲ့သူမက
အဆောင်အပြင်ကိုသာ အလျင်အမြန်ထွက်သွားသည်။
ကျန်သော လူများအားလုံး
ဝမ့်ကျီးမောင်းထုတ်ပြီး ကုတင်ပေါ်က
အဖြူရောင်လေးရဲ့ ပါးဖောင်းဖောင်းလေးဆီက
အမဲရောင်မှိုင်းတစ်ချို့ကို သုတ်ပေးရင်း

"သတိရလာပါတော့....မင်းကိုလွမ်းနေပြီကလေး.."

🎴🎴🎴🎴🎴🎴🎴

"ကျန့်ကော....ကျန့်ကောကျွန်တော့်ဆီ
ပြန်လာတယ်?."

"၀မ့်ကျီး..."

အဖြူရောင်ပြင်ကျယ်ကြီးထဲ သူနဲ့
ကျန့်ကောတွေ့ဆုံမှု။
မြင်မြင်ချင်းပြေးဖက်တဲ့ကျန့်ကောရဲ့
နှုတ်ဖျားက တစ်ခြားတစ်ယောက်
နာမည်ကိုရေရွတ်ခဲ့တယ်။

"ကျန့်ကော...ကျွန်တော်...."

"ငါ..သေသွားပြီလား ၀မ့်ကျီး."

"ကျန့်ကော...."

"ငါမင်းကို ဘယ်နှစ်ဘ၀ထိ ထားခဲ့ရအုံးမှာလဲ"

"ကျန့်ကော...ကျွန်တော် ၀မ်ရိပေါ်"

"ချစ်တယ်...."

"ဟန်..."

"မင်းကိုချစ်တယ်လို့..."

ရင်ခွင်ထဲက ကျန့်ကောက တသိမ့်သိမ့်ငိုနေတာမို့
သူစကားမဆက်တော့။လွတ်ထွက်သွားမှာစိုးလို့
ကျန့်ကောကိုယ်လေးကို တင်းနေအောင်
ဖက်ထားလိုက်သည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now