Part 16

10.9K 1.2K 89
                                    

ရေလည်းချိုးပြီးပြီ...ထမင်းလည်းစားပြီပြီ။
အမွှေးနံ့သာတွေလည်း စွတ်ဖြန်းပြီးပြီ။

အရင်လို ဆံပင်ရှည်တွေကို ဖြစ်သလိုမထားဘဲ
ကြည့်ဖူးတဲ့ တရုတ်ကားတွေထဲကလို
လှလှပပလေး လုပ်ထားလိုက်သည်။

ဟန်ကွမ်ကျွင်းကြီး ကြွေစမ်း။

မှန်ရှေ့က ကိုယ့်ကိုကိုအားရ၀မ်းသာတွေ
ဖြစ်နေတုန်း 'အရှင့်ကြွလာပါပြီ'ဆိုသော
ကုန်းကုန်းရဲ့သတိပေးချက်ကြားသည်နှင့်
မှန်ရှေ့က အမြန်ဖယ်ခွာကာ
စားပွဲပုလေးဆီ အပြေးသွားရင်း
တွေ့တဲ့စာအုပ်ကောက်ဆွဲကာဖတ်နေလိုက်သည်။

"ဝေ့ရင်း.."

ခေါ်သံလေးလေးနက်နက်ကြီးကိုလှည့်မကြည့်ပါ။
ဝေ့ရင်း စာဖတ်နေတယ်လေ။ဥပမာပြောရရင်
စာထဲစိတ်ဝင်စားနေတယ်ပေါ့။

"ဝေ့ရင်း..."

နောက်ကနေ ပွေ့ဖက်လာတဲ့ ဟန်ကွမ်းကျွင်းကြီးကြောင့်
အယောင်ယောင်အမှားမှားနှင့်စာအုပ်ကြီးကို
လွှတ်ချမိတော့ မုန်းစရာကောင်းအောင်
ရယ်နေတဲ့ ၀မ့်ကျီး။

"ဘာလို့ရယ်နေတာလဲ။သူများစာဖတ်နေတာကို။
ခင်ဗျားလက်ကြီးဖယ်စမ်းပါ။တအားမဖက်နဲ့...အစ်.."

ရင်ခွင်ထဲမြုပ်နေသည့် ပေါက်စလေးကို
အသဲယားစွာ ဖျစ်ညှစ်ပစ်တော့ကောင်လေးက
အသံပိစိလေးထွက်သွားကာ
ဝမ့်ကျီးကိုမျက်စောင်းလေးထိုးလာသည်။

"ဖယ်...စာဖတ်နေတယ်..."

"ဖတ်လေ..စာက မျက်လုံးနဲ့ဖတ်တာ။
ခန္ဓာကိုယ်သုံးပြီးဖတ်နေတာမှမဟုတ်တာ.."

"ဖယ်ဆိုဗျာ...ကျစ်..."

လက်တွေကိုအတင်းဖယ်ချပေမဲ့ မရမှန်း
သိသွားသောကောင်လေးက မျက်ခုံးလေးကျူံ့ကာ
မော့ကြည့်သည်။

"အွန့်..."

အနီးကပ်ဖြစ်နေတဲ့ နီတာရဲ ပိစိကွေးနှုတ်ခမ်းလေးကို
သိမ်းကိုက်ပြီး စာအုပ်ကိုမေးငေါ့ပြတော့
ကောင်လေးက အလျင်အမြန်မျက်နှာလွှဲကာ
ရှေ့ကစာအုပ်ကြီးကို ကောက်ဖွင့်နေရှာသည်။

နီတာရဲ နားရွက်လေးတွေကြောင့်
ဘယ်လောက်ရှက်နေပြီလဲဆိုတာအသိသာကြီး။
ခါးသိမ်သိမ်လေးကို တိုးကာဖက်လိုက်တော့
ကောင်လေးကိုယ်က အနည်းငယ်မြှောက်တက်သွားသည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now