Part 21

10.7K 1.1K 73
                                    

"သားတော်..."

ဝင်လာတဲ့မယ်တော်ကိုသူတစ်ချက်သာကြည့်ပြီး
လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။

"သားတော်....တစ်ညနေတည်းအပြတ်မရှင်းခဲ့ဘဲ
တစ်ညထားခဲ့တာလား။အဲ့တာဆို မနက်ဖြန် နေ၀င်တဲ့ထိ
စောင့်ရမှာပေါ့"

"သားတော်နားချင်လို့"

ဝမ့်ကျီးစကားကို မယ်တော်ကသက်ပြင်းချရင်း
ခေါင်းငြိမ့်ပြသည်။
မယ်တော်ထွက်သွားသည်နှင့် သူလက်သီးကို
တင်းနေအောင်ဆုပ်ကာ
ဝတ်ရုံစကိုခြုံရင်း ကောင်လေးရှိရာ
တောင်ဆီ ခိုးသွားဖို့ပြင်လိုက်သည်။

ဒီအချိန် သေချာပေါက် ကောင်လေး
ချမ်းပြီးကြောက်နေလောက်ပြီ။
ဒီလောက်ဆို အမှန်တရားကိုပြောလောက်မှာပါ။

"ဟင်!!"

ရုတ်တရက် လင်းလက်လာတဲ့ အရာလေးတစ်ခုက
သေတ္တာသေးသေးလေးဆီမှလာတာကြောင့်
ဝမ့်ကျီး အပြေးသွားကာ ဖွင့်ကြည့်မိတော့
ကျင်ဘုန်းတော်ကြီးပေးခဲ့သည့် ဓားလေးက
အရောင်အဝါတွေ တောက်ပနေလေပြီ။

ဒါ...ဒါဆို မနက်က ကျင်ဘုန်းကြီး
ပြောတဲ့ အချိန်ကြရင်ဆိုတဲ့စကားက အတည်ပေါ့။

*အချိန်ကြရင် သူ့အလိုလိုလင်းလက်လာလိမ့်မယ်။
သူ့ရဲ့နှလုံးသွေးနဲ့ အားလုံးကို ချုပ်ငြိမ်းစေလိုက်*

ဘုန်းဘုန်းပြောတဲ့လှို့ဝှက်စကားတွေကို
နားလည်စတော့ ပြုလာသည်။

ထွေထွေထူးထူးမတွေးတော့ဘဲ
သူ ဓားလေးကိုပါယူရင်း ထွက်ပြေးခဲ့သည်။

ထိုညကအရမ်းအေးတယ်။
သူ့ချစ်သူ တော့ အရမ်းခံစားနေရတော့မှာ။

🎴🎴🎴🎴🎴🎴

"အင်း....ဟင်းးး"

ချမ်းလွန်းလို့ မေးချင်းရိုက်နေတာတောင်
ရှောင်ကျန့်မျှော်နေမိသည်က
ချစ်ရသူတစ်ယောက်တည်းကိုသာ။

တောင်တက်လမ်းလေးကိုသာမျှော်ရင်း
အောက်ကိုမရဲတရဲငုံ့ကြည့်မိတော့
အစောင့်ရဲမက်တွေပင်မရှ်တော့။

ဖိုထားတဲ့မီးဖိုလေးပင် အငွေ့ပျံနေလေပြီ။
ဒါဆိုသေချာတာ သူနဲ့ ခေါင်းပြတ်ကြီးသာ
ရှိတော့သည်ပေါ့။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now