Part 17

10.7K 1.2K 70
                                    

"မယ်မယ် ....ဘာကိစ္စရှိလို့လဲ။"

မယ်မယ်က ၀မ့်ကျီးအခန်းကိုလှည့်ပတ်ကြည့်ရင်း
ပြုံးပြသည်။

"သားတော်လေးရဲ့အဆောင်က သပ်ရပ်နေတာပဲ။
ဟင်းးးးငယ်ငယ်က အရမ်းဆော့တဲ့ ၀မ့်ကျီး
သေးသေးလေးမဟုတ်တော့သလိုပဲ"

"...."

"သားတော်သိလား...ငယ်ငယ်က
သားတော်လေးကအရမ်းမယ်တော့စကားနားထောင်ပြီး
အချွဲလေးဖြစ်ခဲ့တယ်ဆိုတာ"

"........"

"အင်းးးးဒါတွေက အခုတော့အိမ်မက်လိုပဲ။
သားတော်ရဲ့ ခမည်းတော်ကလည်း
မယ်တော့ကို တစ်ယောက်တည်းချန်ထားခဲ့တယ်။"

"ခမည်းတော်ကောင်းကင်ဘုံကနေ
သားတော်တို့ကိုစောင့်ရှောက်နေမှာပါ"

"ဟင့်....မကောင်းတဲ့သူကြီး။မယ်တော့ကို
တစ်ယောက်တည်းထားခဲ့ပြီးသူကတော့
ကောင်းကင်ဘုံမှာပျော်နေမှာပေါ့"

စိတ်လိုလက်ရငိုပြလိုက်တော့
ဝမ့်ကျီးက သူမကျောကိုဖွဖွလေးပုတ်လာသည်။

"မယ်တော်ဒီည သားတော်အခန်းမှာ
အိပ်ချင်တယ်"

"ရပါတယ်။အခုတော့ နားလိုက်အုံးမယ်မယ်"

သူမကိုကုတင်ပေါ်နေရာပြောင်းကာ
စောင်ခြုံပေးလိုက်ပြီး ၀မ့်ကျီး
စာလေ့လာရာနေရာကို လျှောက်လာခဲ့လိုက်သည်။

ဒီည သူ့ကလေးကိုလာမယ်လို့ကတိပေးထားတာတော့
ပျက်ရပြီ။နောက်မှပဲ အဆိုးလေးဆဲတာ
ဒီဘုရင်ခံတော့မယ်။

🎴🎴🎴🎴🎴🎴

ခြေသံတစ်လျှပ်လျှပ်ကြားတိုင်း
သူများလားလို့ ခေါင်းထောင်ကြည့်ရတာအမော။
မှောင်စ ပျိုးတည်းက ရှောင်ကျန့်
သူ့ကိုမျှော်နေတာ ခုထိပေါ်မလာတဲ့
ဘုရင်စုတ်။

ပြောတော့ နက်ဖြန်ညမင်းနဲ့အတူတူ
ရှိနေပေးမယ်တဲ့။

လှီးလက်စပန်းသီးလေးကိုအာရုံမရ။
သူ့စိတ်ထဲလန်ဝမ်ကျီးသာကြီးစိုးနေသည်။
အစတည်းက မလာနိုင်ရင်ဘာလို့ကတိတွေ
ပေးနေသေးတာလဲမသိဘူး။

"အ!!"

ပြတ်ရှဒဏ်ရာကြောင့် သူ့လက်ညိုးမှာ
သွေးတွေရဲထွက်လာသည်။
လက်ကိုပါးစပ်ထဲငုံရင်း
ပြတင်းဝဘက်ခြေလှမ်းမိသည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now