Part 3

16.8K 1.7K 111
                                    

တံမြက်စည်းလေးတစ်ဖက်နဲ့
ချွေးဒီးဒီးကျနေတာကို
အရင်လို မျက်ရည်တွေကျနေတဲ့
ကောင်လေးမဟုတ်တော့တဲ့
ဝေ့ရင်းကိုကြည့်ရင်း လန်နိုင်ငံရဲ့
အရှင်သခင် လန်ဝမ့်ကျီး
သက်ပြင်းချမိသည်။

ဘာတွေက ရင့်ကျက်သွားတာပါလိမ့်။
ဘာလို့ အရင်လို အသနားခံတဲ့
အကြည့်တွေနဲ့ မကြည့်တော့တာလဲ။

အမှိုက်တွေကိသည်းကြီးမဲကြီး
လှည်းနေတဲ့ကောင်လေးကြောင့်
ဝမ့်ကျီးစုတ်သပ်မိသည်။
လက်လေးတွေတော့ ပေါက်ကုန်တော့မှာပဲကွာ။

မနေနိုင်မထိုင်ဖြစ်မိသည်က သူသာပင်။

အပြစ်ပေးလျင်ဒီကောင်လေးနဲ့ဆို
ဝမ့်ကျီး ရှေ့မကြည့်နောက်မကြည့်
လူတစ်ယောက်ဖြစ်ဖြစ်သွားတတ်တာ။

ရန်သူရဲ့သားကိုချစ်နေရတာလည်း
အရမ်းပင်ပန်းသည်လေ။

ဝေ့နိုင်ငံရဲ့ လုပ်ကြံသတ်ဖြတ်မှု
အောက်မှာ ငယ်ငယ်က အသက်ရှင်
လွတ်မြောက်ခံတဲ့ ၀မ့်ကျီးတစ်ယောက်
အရွယ်ရောက်ချိန်မှာတော့
ခမည်းတော်အတွက်လက်စားချေဖို့
ဝေ့နိုင်ငံကိုသိမ်းရင်း
အားလုံးကိုသုတ်သင်ပစ်ခဲ့သည်။

တစ်ယောက်ဆို တစ်ယောက်လေးမှမထားဘဲနဲ့။

ဒါပေမဲ့ ချောင်လေးထဲမှာ
မေ့မျောနေသည့်ဒီကောင်လေးကို
ရှာတွေ့ချိန်မှာတော့ ၀မ့်ကျီးနှလုံးသား
ထူးထူးခြားခြားခုန်ခဲ့သည်။

ကြောက်လန့်စိတ်နဲ့ သိမရသေးသည့်
ကောင်လေးက သူ့မယ်တော်တွေဖွက်ထားခဲ့သည်ထင်ပါ့။

ထိုအကြောင်းကိုစဉ်းစားမိပြန်တော့
မုန်းသည့်စိတ်က စိုးမိုးလာရပြန်သည်။

သူ့သားသမီးကျ သိတတ်လိုက်တာ။

ထိုတည်းက သတ်ပစ်ရန်စိတ်မကူးတော့ဘဲ
အနားမှာသာထားပြီးကိုယ်လုပ်တော်
မြှောက်ခဲ့သည်။

အရွယ်ငယ်သေးသည့် ကလေးဖြစ်တာကတစ်ကြောင်း
ဝမ့်ကျီးရဲ့ သြဇာကြောင့်တစ်ကြောင်း
ကောင်လေးဆိုတာ အမြဲ မျက်ရည်လေးတလည်လည်နှင့်။

မလုပ်နဲ့လို့ပြောထားလျင်လည်း
သူလုပ်ပြီးပြီ။
မကြောက်ဘူးလားဆိုတော့လည်း
ကြောက်တာနှစ်ယောက်မရှိ။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now