Part 14

11.9K 1.2K 41
                                    

"ဘာလို့ ထပ်ရောက်လာတာလဲ.."

မှောင်ရိပ်ထဲက လူရိပ်ကို ပြောလိုက်တဲ့
သူ့ပုံစံကအေးဆေးတည်ငြိမ်လွန်းစွာ။

"ဆရာကြီးဆီက.."

"မပေးနိုင်ဘူး..ပြန်လိုက်ပါတော့.."

"ဘယ်လောက်လိုချင်လဲ...ငွေသားအတွက်
စိတ်မပူဘဲ ရှောင်ယန်းဆေးမြစ်သာ
ထပ်ပေးပါ.."

"ငါကဆေးဆရာ...ကျင့်စဉ်တွေကျင့်နေတဲ့
သမားတော်တစ်ယောက်အနေနဲ့ မင်းလိုလူကို
ရှောင်ယန်းပေးမိတာတောင်တော်တော်အပြစ်ကြီးနေပြီ.."

"တကယ်ပဲမပေးဘူးပေါ့...အနုနည်းနဲ့ယဉ်ယဉ်ကျေးကျေး
တောင်းနေတာကိုမပေးတော့လည်း အကြမ်းနည်းနဲ့
တောင်းရမှာပေါ့..."

သူမဓားအိမ်ထဲက ဓားပြောင်လက်လက်က
မီးရောင်သဲ့သဲ့ကိုတောင်
ထင်ဟပ်စေသည်။

လည်ပင်းနားကိုခြောက်လှန့်ထောက်လိုက်တော့
ထိုသူက ခပ်ယဲ့ယဲ့ပြုံးသည်

"လောဘသိပ်ကြီးတာပဲ...ငါကမင်းမသတ်လည်း
သေရမဲ့သူပါ...ဒီတော့သတ်ပဲသတ်သတ်။
နှိပ်ပဲစက်စက် .ငါမကြောက်ဘူး။
ရှောင်ယန်းဆေးမြစ်ကိုတော့ င်းလက်ထဲ
ထည့်မပေးနိင်ဘူး..."

"ဟင်း...ရှင့်ကိုရှင် သိပ်အေးချမ်းနေတယ်
ထင်တာလား..ရှင်ကျွန်မကိုမပေးလို့
နောင်တကောင်းကောင်းရစေရမယ်..."

ဓားအိမ်ထဲဓားကိုသေချာပြန်ထည့်ပြီး
ထွက်လာခဲ့လိုက်သည်။ရင်ထဲမှာတော့
သိပ်အခဲမကျေလှ။

ရှောင်ယန်းဆေးမြစ်ဆိုတာ ဒဏ္ဍာရီလာ
ဆေးတစ်မျိုးဟုဆိုရအောင်ရှားပါလွန်းသည်။
မိစ္ဆာဆေးပင်ဟာခေါ်ကြသလို
နတ်စောင့်ပင်ဟုလည်း သမုတ်ကြသည်ထိ
ဆေးမြစ်က နတ်ကြီးလွန်းသည်။

အသုံးပြုပုံ တိကျလွန်းသည်။

အရင်တစ်ခေါက်က ဆေးမြစ်တောင်းပြီး
ဆေးမြစ်အကြောင်းလေ့လာကြည့်တော့
ထိုဆေးမြစ်ကအသုံးမှားလျှင် အမြင်တွေပါဝေဝါးစေကာ
ကြောက်စိတ်ပိုပြီးစိတ္တဇလိုဖြစ်စေသည်တဲ့။
သူ့ဘာသာပုံရိပ်ယောင်တွေဖန်တီးပြီး
ခြောက်လှန့်တာ မျိုးပေါ့။

ထိုကြောင့်ပဲ ဝေ့ရင်းကိုထိုဆေး
တစ်ခွက် တိုက်လိုက်သည်မှစ၍
ဝေ့ရင်းက၀မ့်ကျီးကို အမြင်လွဲကာ
အမြဲကြောက်နေတတ်သည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now