Part 23

20.2K 1.4K 120
                                    

ပုံပြင်လေးတစ်ပုဒ်....

အမှန်တိုင်းပြောရရင် ရာဇ၀င်လေးတစ်ခုလို့
ဆိုရမယ်.....

ဒါပေမဲ့ အခုတော့ ဒါလေးက
ပုံပြင်လေးတစ်ပုဒ်ဖြစ်သွားတော့မှာ...

ကျိန်စာကြီးပြီးရင် အတိတ်ဆိုးတွေအားလုံး
လွင့်စင်သွားစေရမယ်....
ဒီ စာအုပ်ထဲက အကြောင်းရာတွေအားလုံး
မရှိတော့သလို.....
သူတို့နှလုံးသားတွေဟာလည်း ပျောက်ကွယ်သွားရင်း....

*အချစ်ကို ရွံရှာတဲ့သူမရဲ့ အတ္တစိတ်ကြောင့်
ကျောက်တောင်ကြီးပေါ်မှာ ကျိန်ဆိုခဲ့တယ်...
"ချစ်ရသူတိုင်း ကွေကွင်းပါစေ"တဲ့....

တကယ်လည်းကွေကွင်းခဲ့ကြပါတယ်....
အဲ့အချိန် အဲ့နေရာမှာပဲ ပထမဆုံးနှလုံးသားတစ်ခု
မြုပ်နှံလိုက်ရတယ်....

လန်ဝမ့်ကျီးနဲ့ ဝေ့၀ူရှန့်ရဲ့
ပထမဆုံး ကွေကွင်းသောအချစ်.....

ဒီကျိန်စာကို သူတို့ပဲပြန်ဖြေဖျောက်ဖို့
သူတို့ နောက်တစ်ခါ ဒီနေရာကိုပြန်လာရမယ်....
ရှောင်ယမ်းဆေးမြစ်ရဲ့ အစွမ်းနဲ့
ဝိဉာဉ်နှစ်ခုကွဲထွက်ပြီး
အတိတ်က ကမ္ဘာကိုပြန်လာရမယ်..

ဝမ့်ကျီးဖြစ်ဖြစ် ဝေ့ရင်းဖြစ်ဖြစ်...

ရောက်လာတဲ့သူရဲ့ နှလုံးသွေးနဲ့ ကျိန်စာအားလုံးကို
ချူပ်ငြိမ်းစေရမယ်....

ပြီးရင် လန်မျိုးဆက်ရဲ့ကျိန်စာပျောက်ကွယ်သွားရမယ်...

ကျိန်စာဟာဆက်လက်ဖြစ်တည်သွားမယ်ဆိုရင်
ကွဲထွက်သွားတဲ့ ၀ိဉာဉ်နှစ်ခုဟာ
ထာဝရ အချူပ်နှောင်ကျပြီး
မြူမှုံအဖြစ်လွင့်စင်သွားရလိမ့်မယ်.......

စာအုက်ထူကြီးရဲ့ ကျိန်စာအကြောင်းကို
ဖတ်မိပြီးနောက် ရိပေါ်ပါးပြင်ပေါ်
မျက်ရည်စတွေ လိမ့်ဆင်းလာကုန်သည်။

ဒါဆို......
မျိုးဆက်ရဲ့ပထမဆုံး ဘုရင် လန်ဝမ့်ကျီးဆိုတာ
ရိပေါ်အဖြစ်ပြန်ဝင်စားပြီး ချစ်ရတဲ့
ဝေ့ရင်းက ကျန့်ကောအဖြစ် မွေးဖွားခဲ့သည်ပဲ။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now