Part 8

14.1K 1.4K 58
                                    

"ယား...ကျား...."

ဓားရေးကွင်းဘက်စစ်ဆေးထွက်တုန်း
ရင်းနှီးတဲ့အသံလေးကြောင့်
ဝမ့်ကျီး ဓားရေးကွင်းဘက် လျှောက်လာခဲ့လိုက်သည်။

"ကိုယ်လုပ်တော်..တော်ပါတော့..."

"ငါ့ကိုသင်ပေးလို့ပြောနေတာကိုမသင်ပေးဘဲနဲ့
ဘာအခုမှကြောက်ပါပြီလဲ...
ထပ်ပြီးမသင်ပေးဘူးပြောရဲပြောကြည့်...
ဒီကောက်ရိုးရုပ်တွေ တစ်ရုပ်မှ
မကျန်စေရဘူး....ငါဟဲ့ရှောင်ကျန့်...
ကျား...."

ဓားကြီးတရမ်းရမ်းနဲ့ ပစ်ကွင်းထဲက
ကောက်ရိုးရပ်တွေတစ်ရုပ်မှမကျန်အောင်
ဓားနဲ့လိုက်ပိုင်းနေတဲ့ ကောင်လေးကြောင့်
သွားများပေါ်သည်ထိပြုံးမိသည်။

စစ်သူကြီးခမျာလည်းခေါင်းကုတ်ကာ
မြေကြီးပေါ်မှာဆောင့်ကြောင့်ကြီးထိုင်ကာ
မနိုင်၍လွှတ်ပေးထားရသည့်ပုံ။

"အားလုံးကို နားခိုင်းလိုက်တော့..."

အနားကအတိုင်ပင်ခံကိုပြောလိုက်တော့
အရိုသေပေးကာ စစ်သူကြီးအား
အားလုံးနားရန်သွားပြောရှာသည်။

စစ်သူကြီးတို့နားဖို့ပြင်နေတော့
စူပုတ်နေသည့်ကောင်လေးက
စစ်သုကြီးလက်ကိုပြေးဆွဲကာအပူကပ်နေသေးသည်လေ။

ဝေ့ရင်းဆိုတာ ၀မ့်ကျီးတစ်ယောက်ပဲ
ထိကိုင်ခွင့်ရှိတဲ့လူမို့ ခေါင်းမြဲချင်တဲ့စစ်သူကြီးက
သူ့ကိုထိမှာစိုးငဖြင့်ကွင်းထဲပတ်ပြေးနေရှာသည်။

ကောင်လေးကလည်း လက်ညိုးလေးတထိုးထိုးနှင့်
ဘာတွေတောင်းဆိုနေလဲမသိ။

စင်မြင့်ပေါ်မှဆင်းပြီး ကွင်းထဲလျှောက်လာလိုက်တော့
သူ့ကိုမြင်သည်နှင့်စစ်သူကြီးမှာ
မြေပေါ်မှောက်ခုံပြားပြားဝပ်ကာ

"ကျွန်တော်မျိုးထွက်ပြေးပါသေးတယ်အရှင်..
ကိုယ်လုပ်တော်ဝေ့က!"

"အကုန်ထွက်သွားကြ..ထီးတော်မိုးပါမကျန်"

ကြောင်စီစီနဲ့လူတွေရှင်းသွားမှ
ကောင်လေးကို သူကြည့်လိုက်တော့
သူမဆိုင်သည့်ပုံနှင့် ဟိုကြည့်ဒီကြည့်လုပ်နေတဲ့
ကောင်လေး။

""ဘာလာလုပ်တာလဲအရှင်..."

ဘုရင်ကိုသူ့သူငယ်ချင်းတွေ့သည့်တိုင်း
ပြောနေပေမဲ့ သူစိတ်မဆိုးမိ။
ဘာလို့ဆို ဝေ့ရင်းဖြစ်နေလို့။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now