MAMA'S Boy

21.8K 933 9
                                    

MAMA BOY အပိုင်း(၂)

စျာန် Toiletကထွက်လာပြီး ဟိုလဒတွေရှိနေမယ့်စာသင်ခန်းထဲဝင်လာလိုက်သည်။အရှေ့ကဘိုးတော်ကတော့စာတွေသင် အနောက်က လဒ ၂ကောင်က Gameတွေဆော့နေလေသည်။

သူ ဘာမှမပြောပဲ သူ့နေရာသူဝင်ထိုင်လိုက်သည်။

"ထွက်သွားလို့ရပြီ"

သူ လက်ညိုးနဲ့လက်ခလယ်ကို သုံးကာ အပြင်သို့ထွက်ဟန်ပြလိုက်သည်။ထိုအခါမှ လဒနှကောင်က သူ့အားကြည့်ဖော်ရလာသည်။

"အချောလေးတွေတွေ့ခဲ့လား သောက်ကောင်"

"ဘောလား ငါကချီးသွားပါတာလေ"

"သောက်ပိုမပြောနဲ့ မင်းချီးပါတဲ့နေရာက ဒီလိုနေရာကိုပါမလား လာမချွီးနဲ့ "

လဒ နကောင်ကမယုံသလိုလာပြောနေလေသည်။

"ဖေ့သားတွေပြောပြမယ် ချီးပါချင်တာက အောင့်ထားလို့မရ ..မရ.."

သူဆက်ပြောလို့မရအောင် လဒနှကောင်ကပါးစပ်ကိုပိတ်ထားလေသည်။

"ငါတို့မေးတာက လူအကြောင်း မင်းဖင်ကထွက်တဲ့ချီးအကြောင်းမဟုတ်ဘူး"

မိုင်းနှင့် ဝဋာကမျက်နှာများရှုံ့မဲ့ကာပြောလာလေသည်။

"တွေ့ခဲ့တယ် အရမ်းချစ်စရာကောင်းတယ်ကွာ ငါစောစော စီးစီး သူ့နားရွက်လေးမြည်းခဲ့သေးတယိ"

"Wow..wow..စျာန့်လိုလူမျိုးဆီက ချီးမွမ်းစကားထွက်လာရတဲ့အထိဆိုတော့ ဘ်ာလောက်ချောလဲ သိချင်နေပြီ"

"အဲ့ကြွက်ဖြူစုတ်နာမည်က ရာစုသစ်တဲ့ နောက်နေ့ကစပြီးငါ့ရဲ့ကစားစရာ အရုပ်သစ်လေး"

စျာန်ကတော့စီးကရက်လိပ်ကိုမီးညိကာသောက်နေပြီး ဟိုနှကောင်ကတော့ဘာမှမထူးခြားသလိုGameပြန်ဆော့နေလေသည်။

♡ ♡ ♡ ♡ ♡

ကျောင်းဆင်းသည်နှင့် သူအနောက်ဆုံးမှနေ၍ ထွက်လိုက်သည်။ဘေးကမာန်ကတော့ပုခုံးဖက်ပြီး ပါလာစမြဲပင်

"သစ်လေး ဒီနေ့အန်တီလာကြိုမှာပဲမလား"

"အင်း ဟုတ်တယ် မာန်"

နှစ်ယောက်သားလမ်းလျှောက်ရင်း ပြောလာကြသည်။ ဟိုကောင်ကတော့အရေးကြီးကိစ္စရှိတယ်ဆိုပြီးအစောကြီးကထဲကခွင့်ယူပြီးပြန်သွားလေသည်

"သစ်လေး မနက်ဖြန် ကျောင်းစောစောလာခဲ့ပေး ကိုယ်ပြောစရာရှိလို့"

"ဖုန်းဆက်လေ မာန် ညကျ"

"ဖုန်းလည်းဆက်မှာပါကွာ ခုက အရေးတကြီးပြောစရာဖြစ်နေလို့ပါ"

"အင်းပါ အင်းပါ"

မာန် သူ့ရှေ့မှ မျက်တောင်ဖျားကော့ကော့လေးနဲ့ နှုတ်ခမ်းနီတာရဲလေးကိုရှေ့စူကာဘာပြောနေမှန်းမသိသော ပုစိလေးအား အူယားစွာကြည့်နေမိသည်

သူအူယားတိုင်းထိုကလေးလက်မောင်းသားလေးများအား ဖိဆုပ်ပစ်လိုက်သည့်အတွတ် မျက်နှာလေးကမဲ့ခနဲပင် အား အူယားနေပြီကွာ သူခေါင်းပေါ်မှအမှိုက်ဖယ်ပေးသလိုနှင့် ဆံပင်ခပ်အုပ်အုပ်လေးအားအနမ်းခြွေလိုက်သည်

အရှေ့က ပုစိကတော့ နီတာရဲနှုတ်ခမ်းလေးကိုစူဆဲစူမြဲပင်
ထိုအရာအားလုံးကို ကားအနက်ထဲမှ ထိုင်ကြည့်နေသည်ကိုတော့တယောက်မှသတိမထားမိကြပေ

♡ ♡ ♡ ♡ ♡

"သားသား.ထမင်းတွေကုန်လား အပြင်စာတွေစားသေးလား"

မေမေကသူကားပေါ်ထိုင်ပြီးသည်နှင့်တရစပ်မေးလာလေသည်။အပေါ်ကကိုယ်ကျပ်အဖြူနှင့် အောက်ကထမီ အနက်ပေါ် အဖြူပွင့်ကြီးတွေနဲ့ဝတ်ထားသည့်မေမေကလှသည်ထက် ထက်မြတ်ပြီးယဉ်သည့်ဘက်သွားသည်

"ကုန်တယ်မေမေ အပြင်စာဘာမှမစားပါဘူး ရေဗူးလည်းမေမေထည့်ပေးလိုက်တာပဲ သောက်တာပါ"

"မေမေ့သားလေးကအလိမ်မာတုံးလေးပဲ"

ထိုအခါမှမေမေကပြုံးလာကာ သူ့နဖူးလေးအားဖွဖွနမ်းလေသည်။မေမေကအမြဲတမ်းသူ့နမ်းလျှင်ပါးတွေမနမ်းတတ် နဖူးလေးကိုထိရုံသာနမ်းလေသည်

"ညစာကို မေမေကသားသားအကြိုက် ချက်ကျွေးမယ် စျေးဝင်ဝယ်ရအောင်နော် သားသား"

"မေမေ့ သဘော သားကအနောက်က ခြင်းလိုက်ကိုင်ပေးမယ်"

သူမေမေ့အား သွားစွယ်လေးများပေါ်သည်အထိရယ်ပြလိုက်သည်။မေမေကတော့အသည်းယား၍ထင် သူ့ဆံပင်အုပ်အုပ်လေးအား လာဖွလေသည်

ဖေဖေလိုကော မေမေလိုကော အမြဲဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်မေမေ မေမေ့သဘောကျဖြစ်အောင်သားကအမြဲနေထိုင်သွားပေးမှာပါ ကားလေးကတော့ marketဆီသို့ဦးတည်ကာ တရိပ်ရိပ်ပြေးနေလေသည်

♡ ♡ ♡ ♡ ♡
#TBC

MAMA'S BoyWhere stories live. Discover now