MAMA'S Boy

15.4K 634 0
                                    

MAMA'S BOY PART-11

ရာစု မေမေ့ကို သတိထားကြည့်နေတာ ကျောင်းလိုက်ပို့တော့လည်း ဟန်ဆောင်ပြုံးနေတာ သ်ိသာလှသည်၊ ကြည့်တာနဲ့ အဆင်မပြေမှန်း သိသည် ညကလည်း ဖုန်းတွေ ခနခနဆက်နေတာကြားသည် အခုကိစ္စနဲ့ ပတ်သတ်ပြီးလည်း သူ့ကိုဘာမှမပြောပြပေ

"ကဲ ရောက်ပြီ သားသား မွ အပြင်စာတွေမစားနဲ့နော်"

"ဟုတ် မေမေ"

သူမေ့မေ့ပါးကို နမ်းပြီးမှ ကားပေါ်ကဆင်းလာလိုက်သည် ကားပေါ်က ဆင်းပြီး သူ့ခြေလှမ်းတွေက အတန်းဆီ မဟုတ်ပဲ special classဆီသို့

မေမေ့အတွတ် သူဘာလုပ်ရလုပ်ရ လုပ်ရပါစေ သူလုပ်မည် သူ အခန်းရှေ့ရောက်တော့ ကိုကိုက ဖုန်းဆော့နေပြီး ဝဋာနှင့် မိုင်းက ဖုန်းထဲသို့ငုံ့ကြည့်နေလေသည်

"ဟို.."

သူအသံပေးလိုက်သည်နှင့် ကိုကိုနှင့် ကိုဝဋာတို့နှစ်ယောက်လှမ်းကြည့်လာသည် ပြီးတော့ ကိုကို့အားကြည့်ကာ ပြုံးစစနှင့် ဘာပြောလိုက်သည်မသိ ကိုကိုက လောင်းငြိမ့်ပြလိုက်သည်

ပြီးတော့ ကိုဝဋာက မိုင်းကိုဖက်ကာ အပြင်သို့ထွက်သွားလေသည် ပြီးမှ ပြန်လှည့်လာကာ ကျွန်တော့်ပုခုံးအားပုတ်၍ ဖိုက်တင်းဟု ပြောသွားလေသည်

"ဝင်ခဲ့လေ"

ကိုကိုက Gameဆော့မပြတ် ဖုန်းကြည့်မပြတ်ကျွန်တော့်အား ပြောလာလေသည်။ ကျွန်တော် ပိုက်ထားသည့် စာအုပ်ကို ခပိတင်းတင်းဆုပ်ကိုင်ကာ

"မေမေ့ကို ငွေချေးပေးပါ ကိုကို ကိုကိုခိုင်းတာ ကျွန်တော်လုပ်ပေးပါမယ်"

ကျွန်တော်ပြောလိုက်သည်နှင့် ဖုန်းချကာ ကိုကိုက ကျွန်တော့်အား သေချာစွာစူးစိုက်ကြည့်လာလေသည် ကျွန်တော် ကိုကို့အကြည့်အား ရင်မဆိုင်ရဲစွာ မျက်လွှာချထားလိုက်သည်

"အိုခေ baby babyလေး သဘော"

ပြောပြီး ကိုကိုက ထလာတော့ ကျွန်တော်ခြေထောက်များကိုနောက်ဆုတ်မိသွားသည် ကိုဝဋာတို့မထွက်မှီ ပိတ်ခဲ့သည့်အပေါက်က သူ့အားခြောက်လှန့်နေသယောင်

"ဘာလို့ နောက်အတင်းဆုပ်နေတာလဲ babyရာ"

ကိုကိုက ကျွန်တော့်လက်အား ခပ်တင်းတင်းဆွဲကာ သူ့ရင်ဘတ်နှင့်ကပ်ထားလိုက်သည်။

MAMA'S BoyWhere stories live. Discover now