MAMA'S Boy

19K 925 8
                                    

MAMA BOY PART (3)

မာန်က အစောလာဖို့ပြောသော်လည်းမေမေကဘယ်တော့မှအစောလိုက်မပို့ပေ။ သူမနက်စာစား အပေါ်ထပ်တက်ပြီး ပြင်ဆင်ရလေသည်။

"သားသား မေမေအင်္ကျီထုတ်ပေးထားတယ်နော်"

"ဟုတ် မေမေ"

မေမေက သူ့အတွတ် ထမင်းထုပ်နေရင်းမှလှမ်းပြောလိုက်သည်။သူအပေါ်ထပ်တက်ပြီးပြင်ဆင်ပြီး၍ ဆင်းလာတော့မေမေကကားပေါ်ရောက်နှင့်နေပြီ။

"သားသား သူငယ်ချင်း အသစ်တွေထားရင်မေမေ့ကို ပြောရမယ်နော်"

"အင်းပါ မေမေရ ပြောပါ့မယ်"

"ဟုတ်ပါပြီရှင် စာတွေကော လိုက်နိုင်ရဲ့လား သားသား"

"အကုန်လိုက်နိုင်ပါတယ်မေမေ"

မေမေကသူ့အားပြုံးပြပြီးကားလေးကခြံထဲထွက်သွားလေသည်။ သူတို့ကားလေးမီးပွိုင့်မိနေတုန်း ပြိုင်ကားလေးစီးမှာ သူတို့ကားနားမှနေ၍မောင်းထွက်သွားသည်က တိုက်မိမလိုပင်

မေမေကတော့ စိတ်တို၍ကျန်နေခဲ့သည်။ အရှေ့တော်တော်အလှမ်းအရောက်မှာ ဘာဖြစ်နေလဲမသိ ထိုကားပေါ်မှ ကောင်လေးတယောက်ဆင်းလာပြီး ပိုက်ဆံထုတ်ပစ်ချပြီးထွက်သွားလေသည်။ သူအမှုမဲ့အမှတ်မဲ့မြင်လိုက်သည်က အဲ့လူက ဟိုတနေ့ကမကောင်းဆိုးဝါးလူကြီးပင်

"သားသား ကျောင်းရောက်ရင်တောင် အဲ့လို ကလေးမျိုးတွေနဲ့မတွဲရဘူးနော် အရိုင်းအစိုင်းလေး"

"ဟုတ် မေမေ"

သူ လက်ဖဝါးအချင်းချင်းပွတ်လိုက်ပြီးမေမေအားကတိပေးလိုက်သည်။အဲ့ဒီ့လူက တကယ့်မကောင်းဆိုးဝါးပင်

♡ ♡ ♡ ♡ ♡

ကျောင်းရောက်သည်နှင့် မေမေကသူ့အားနမ်းကာ ကားလေးမောင်းထွက်သွားသည်ကိုကြည့်ပြီးမှ သူအခန်းထဲဝင်လာလိုက်သည်။အခန်းထဲဝင်ဝင်ချင်းပင်

"ဟဲ့ သိပြီးကြပြီလား Special classက ဆရာထွက်သွားရပြန်ပြီတဲ့"

"ကျောင်းအုပ်ကြီးတောင် သူတို့ကိုကြောက်နေရတဲ့အခြေအနေမှာ ဆရာအဆင့်ကဘာလုပ်နိုင်မှာလဲဟယ်"

MAMA'S BoyWhere stories live. Discover now