MAMA'S Boy

15.2K 670 2
                                    

MAMA's Boy Part-10

"MD ရှယ်ယာရှင်တွေက ရှယ်ယာတွေပြန်ထုတ်နေပြီ"

"ပြန်ထုတ်ပေးလိုက်"

"M ..MD"

ငါပြောနေတယ်လေ ဘာလဲ နင်ကပါ ငါ့ကိူအာခံချင်တာလား"

"မဟုတ်..မဟုတ်ပါဘူး"

"အေး အဲ့တာဆို ရှယ်ယာတွေပြန်ထုတ်ပေးလိုက်"

အတွင်းရေးမှူးမလေး ထွက်သွားသည်နှင့် ဒေါ်ရတနာ ခုံပေါ်သို့ခေါင်းကို မှောက်ချလိုက်သည် သူမဒီလိုနေလို့ မဖြစ်သေးပေ သူမ အပေါ်ကဝတ်ထားသည့် ကုတ်ကိုချွတ်ကာ ခုံနဲ့ချိတ်ထားလိုက်ပြီး ကိုယ်ကိုမတ်မတ်ပြင်လိုက်သည်။

ဒီနေ့ ဘာဖြစ်မှန်းမသိ ရှယ်ယာရှင်တွေ ရှယ်ယာပြန်ထုတ်နေကြသည် ဒီလောက်နဲ့တော့ သူမ မပြိုလဲသေး ဘယ်companyက တိုက်ခိုက်နေလဲ သူမ လူယုံတယောက်ကို စုံစမ်းခိုင်းထားလိုက်သည်

"M..MD"

အခန်းထဲသို့အတွင်းရေးမှူးမလေးက တံခါးမခေါက်ပဲပြေးဝင်လာလေသည်။ သူမ စိတ်တိုသလိုတချက်ကြည့်လိုက်ပြီး

"ဘာကိစ္စမို့ ငါ့အခန်းထဲ တံခါးမခေါက်ပဲဝင်လာရတာလဲ"

"ထိုင်းဘက်ပို့တဲ့ ကွန်..ကွန်တိန်နာတွေ ညက..ညက"

"ဘာဖြစ်တာလဲ ငါ့ကိုမြန်ုမြန်ပြောစမ်း"

အတွင်းရေးမှူးလေးမှ မျက်စိမျက်နှာပျက်စွာဖြင့်

"မှောက်..မှောက်လို့တဲ့ MD"

"ဘာ"

သူမ ခုံပေါ်သို့ ပြန်လဲကျသွားသည်။ သူမမှာ မှီခိုစရာက ဒီကွန်တိန်နာတွေပဲကျန်တာလေ အခု အခု အဲ့ဘက်ပါသွားတဲ့ အလုပ်သမားတွေရဲ့နစ်နာကြေးကကော ရှယ်ယာတွေ ပြန်လျော်ပေးရမယ့် ပိုက်ဆံတွေ

"M..MD"

"ထွက်သွား"

သူမအတွင်းရေးမှူးမလေးကို ပြန်ထွက်ခိုင်းပြီး သူမဘာလုပ်ရမလဲ သေချာစဉ်းစားနေမိသည် ထိုစဉ် သူမ ရုံးခန်းထဲမှ ဖုန်းလေးက အသံမြည်လာလေသည်

"ရာစု Companyရဲ့ MD ဒေါ်ရတနာ ပါလားခင်မျ"

"ဟုတ်ပါတယ် အခုက ဘယ်သူပါလဲရှင်"

MAMA'S BoyWhere stories live. Discover now