MAMA'S boy

16.7K 532 1
                                    

MaMa's Boy part -26

ဈာန် မနက်နိုးလာတော့ သူ့လက်မောင်းတဖက်ကို တခုခုဖိထားသလိုခံစားရပြီး အောင့်နေလေသည်

"ကျွတ်စ် ကျွတ်စ်"

ဈာန်နှုတ်ကညည်းညူရင်း ဘေးကိုကြည့်ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲအတင်းတိုးဝင်ကာ လက်မောင်းကိုဖိအိပ်နေသည့်သကောင့်သားလေး

ဈာန် တချက်ပြုံးလိုက်မိသည် အခုတလော ထိုကိုယ်သေးသေးလေးကိုဖက်ထားရတာ သူသဘောတော်တော်ခွေ့နေလေသည် ရင်ခွင်ထဲ အတင်းတိုးဝင်နေသည့် ခန္ဓာကိုယ်လေးကို တင်းခနဲဖြစ်အောင်တချက်ဖက်လိုက်သည်

"အဟင့် ဟင့် "

ကလေးတွေ အိပ်ရေးမဝသလို နှုတ်လေးနီရဲရဲလေးကိုစူထော်ကာ လူးလွန့်လာပြီး ဈာန့်ကိုယ်လုံးကိုမရမကပြန်ဖက်နေပြန်လေသည် ဈာန်မထ၍လည်းမရ ခနနေ companyကသွားရအုံးမည်

"ဟေ့ ရာစု ဟေ့"

"အင်းးး ဟင့် အိပ်အုံးမှာ"

ဈာန်နှိုးသည်က သူ့မေမေနှိုးသည်များထင်နေသလားမသိ လူးလွန့်ပြီး ပြန်တောင်အိပ်နေပြန်သည် ဈာန်အမြင်ကပ်ကပ်ဖြင့် စောင်‌တွေ ခေါင်းအုံးတွေဖြင့် ဖိအုပ်ပစ်သည်

"ရာ စု သစ်"

တစ်လုံးချင်းစီ ခပ်တင်းတင်းခေါ်လိုက်မှပင် စောင်ပုံထဲက မရမက ခေါင်းပြူလာလေသည် ဆံပင်အုပ်အုပ်လေးတွေက စုတ်ဖွာကာ မျက်လုံးလေးကိုလည်းပွတ်သပ်နေလေသည်

"ဟေ့ ဟေ့ မျက်လုံးကိုမပွတ်နဲ့လေ ကလေးလည်းမဟုတ်ပဲကွာ အစအဆုံးပြောနေရတာ"

"ဟုတ်"

ဈာန် ညကပေးထားသည့် အမှတ်အသားလေးတွေက လည်ပင်းလေးတွေမှာ လှပစွာ ပေါ်နေလေသည် ဈာန်ထိုဟာကိုအကြည့်လွှဲပြီးမှ

"နေ့လည် company ကိုနေ့လည်စာ လာပို့မင်းချက်ထားတာပဲ လိုချင်တာနော်"

ကိုကိုက အပေါ်ဗလာကြီးနှင့်ငုတ်တုတ်ထိုင်ကာ အရှေ့ကနေ တခြိမ်းခြိမ်းတခြောက်ခြောက်ဖြငိ့

"ဟုတ် လာပို့မယ်ကိုကို"

"အေး မျက်နှာသစ်မယ် မနက်စာပြင်ထားပေး"

MAMA'S BoyWhere stories live. Discover now