MAMA'S Boy 🔞🔞

19.2K 579 2
                                    

MaMa's Boy part-14

ကိုကိုက ခြံကျယ်ကြီး တခြံထဲ ကားကို မောင်းလာကာ အထဲရောက်သည်နှင့်ရပ်ပြီး ကိုကိုက အရင်ဆင်းလေသည်
ပြီးမှ သူ့ဘက်လှည့်ကြည့်ကာ

"ဆင်းလေ ကားပေါ်အိပ်မလို့လား မင်းက"

"မဟုတ်..မဟုတ်ပါဘူး"

သူ ကားပေါ်မှ အမြန်ဆင်းကာ ကိုကို့နောက်နား၌ ရပ်နေလိုက်သည် အိမ်ကြီးက ရှေးဟောင်းပုံစံမျိုးမဟုတ်ပေမယ့် သစ်ပင်ကြီးတွေကြောင့် အုံ့ဆိုင်းနေလေသည်

သူနဲ့ကိုကိုက တရားရုံးဝင်လက်မှတ်ထိုးပြီးသည်နှင့် နေ့လည်စာ စားကာ ဟိုတယ်တခုမှာ နားနေသေးသည် ဒီရောက်တော့ မှောင်လုနီးပါးပင်

ကိုကိုကတော့ အိမ်ထဲမဝင်သေးပဲ ဟိုကြည့်သည်ကြည့်လုပ်ပြီးမှ အိမ်ထဲဝင်သွားသည် သူလည်းကိုကို့နောက်မှ ခပ်သုတ်သုတ်လိုက်ကာ အိမ်ထဲသို့ဝင်လိုက်သည်

"ဒီအိမ်ကြီးမှာ မင်းနဲ့ငါ ၂ယောက်ပဲရှိတယ် "

'ဟု...ဟုတ်"

ကျွန်တော်လန့်မိသည်က အိမ်ကြီးကကြီးသလောက်လူက သူရယ် ကိုကိုရယ် ၂ယောက်ထဲ ကိုကိုက အိမ်ရှင်မို့မကြောက်ပေမယ့် သူကကြောက်သည် တနေရာရာက တယောက်ယောက်ကြည့်နေသည့်ပုံစံကြီး

"အင်း သွားမယ် အပေါ်ထပ်"

ကိုကိုက ထိုမျှသာပြောပြီး အိမ်အပေါ်ထပ်သို့တက်လေသည် သူလည်းအနောက်မှနေကာ ကိုကိုနှင့်အဝေးကြီးလည်းမကွာရဲပေကပ်လိုက်နေမိသည်

ကျွန်တော့်ကို တယောက်ယောက်က ကြည့်နေသလို ခံစားရ၍ ဖြတ်ခနဲလှည့်အကြည့် နံရံမှာချိတ်ထားသည့်ပုံကြီးက ဝုန်းခနဲ ဆိုအောက်သို့ပြုတ်ကြလေသည်

"အားးးးး ကိုကို"

ကျွန်တော့်အရှေ့မှ သွားနေသော ကိုကို့ခါးအားအတင်းဖက်ကာ မျက်လုံးမှိတ်ပြီးအော်လိုက်သည်

"ဓာတ်ပုံပြုတ်ကြတာပါကွာ ကြောက်စရာမလိုဘူး"

ပြောပြီးသည်နှင့် ကိုကိုက ကျွန်တော့်ပုခုံးအားကိုင်ကာ သူ့ရှေ့သို့ပို့ပြီးမှ အပေါ်က်ိုတက်စေသည် ကိုကို့လက်တွေကတော့ ကျွန်တော့်ပုခုံးပေါ်မှာ

MAMA'S BoyWhere stories live. Discover now