MAMA'S Boy

16K 542 8
                                    

MaMaBoy- 24

ရာစုတို့ ဒီနေ့ကျောင်း နောက်ဆုံး‌နှုတ်ဆက်သည့် ပွဲဖြစ်သဖြင့် ကိုကိုရော သူပါ အိမ်ကိုအစောပြန်လာကြသည်
ကိုကိုကတော့ အိတ်တွေကို ဒီအတိုင်းထားခဲ့ကာ ရေချိုးခန်းထဲ ၀င်သွားလေသည် သူကသာ အဲ့အိတ်တွေကို ယူပြီး စာကြည့်စားပွဲပေါ်သွားတင်ပေးရသေးသည်

"ငါရေချိုးပြီးပြီ မင်းရေချိုးခန်း၀င်မှာဆို သွားတော့"

"ဟုတ် ကိုကို"

ရာစုလည်း ရေချိုးခန်းထဲသို့ ၀င်လိုက်ပြီး နာရီ၀က်လောက်အကြာမှ ပြန်ထွက်လာတော့ ကိုကိုက ၀တ်စုံတွေအကုန်၀တ်ပြီးနေပြီ ကျောင်းနှုတ်ဆက်ပွဲဖြစ်သည့်အတွတ် suitတွေ၀တ်စရာမလိုပဲ အကုန်ပေါ့ပေါ့ပါးပါးလေးပင်

ရာစု ကိုကို့ကို ကြည့်မနေပဲ အ၀တ်အစားလဲလိုက်သည် အိမ်ထောင်သက် 2လပြည့်ခါနီးတွင် ရာစုသည်ကိုကို့ရှေ့တွင် အရင်ကလောက် မရှက်တော့ မကြောက်တာမဟုတ်ဘူး မရှက်တော့တာ

ဈာန် သူအကုန်လုံး ပြင်ဆင်ပြီး အနောက်လှည့်ကြည့်လိုက်တော့ တီရှပ်အဖြူပါးပါးလေးကို ရင်ဘတ်ကြယ်သီး 3လုံးလောက်ဖြုတ်ထားသည့် ရာစုသစ် နားမှာက နားကပ်အမဲလေးကို တဖတ်ထဲ ၀တ်ထားသေးသည်

အသားဖြူသည့် ပိုးတုံးလုံးကောင်လေးက ဒီ၀တ်စုံလေးနဲ့ လုံး၀လိုက်ဖက်နေသည် ရင်ဘတ်ကော လည်ပင်းသား ဖွေးဖွေးလေးတွေကောက အကုန်လုံးကို မြူဆွယ်နေသယောင်

ဈာန်ဘာလို့မှန်းမသိ စိတ်တိုလာကာ ရာစုသစ်ဆီ သွားလိုက်ပြီး ကုတင်နားတွင် သူ့အ၀တ်အစားပြန်ပြင်နေသည့် ထိုကောင်လေးအား ကုတင်ပေါ်လှဲချလိုက်သည်

"အင့် ကို ကို"

"အဲ့၀တ်စုံလဲခဲ့"

ဈာန့်ကိုယ်လုံးအောက်မှာ မျက်လုံးလေးပြူပြီး နှုတ်ခမ်းလေးဟနေပုံက ဒီလူကို အသေသတ်ဖို့ကြံနေပုံပင်

"ဒီဟာလေးကြိုက်လို့ ၀တ်တာ ကိုကို မလဲပေးဘူး"

ဈာန် သူ့စကားကို မငြင်းဖူးပဲ ငြင်းနေသည့် ထိုကောင်လေးကို စူးစိုက်စွာကြည့်လိုက်တော့ မျက်လုံးချင်းမစုံရဲစွာ ခေါင်းလေးကို စောင်းငဲ့ထားလေသည်

MAMA'S BoyWhere stories live. Discover now