MAMA BOY PART-17
ကိုကိုကကျောင်းကပြန်ရောက်လာပြီး ရေကူးဝတ်စုံဝတ်ကာ ရေကူးရန်ပြင်နေလေသည် ကျွန်တော်ကတော့ ကိုကိုချွတ်ပြီးသား အင်္ကျီတွေကို လိုက်သိမ်းကာ ခြင်းထဲထည့်လိုက်သည် ကိုကို့ကို ကြည့်လိုက်တော့ အပေါ်ပိုင်းဗလာနှင့်ဖြစ်နေလေပြီ ကျွန်တော်မကြည့်ရဲစွာ အကြည့်လွှဲလိုက်ပြီး အခန်းထဲမှ ထွက်ရန်ပြင်လိုက်သည်
"ပြီးရင် ရေကူးကန်ဘေးကို အအေးလာပို့"
ထိုမျှသာပြောပြီး ကိုကိုကရေကူးကန်ဆီသို့ထွက်သွာံးးလေသည် သူသာ အအေးမြန်မြန်ဖျော်ပြီး ကိုက်ုိ့ဆီသွားလိုက်သည် ကိုကိုကရေကူးကန်ထဲ ရေကူးနေသည်က ကြည့်လို့မဝချင်သရာ
ကျွန်တော်လာတာကိုမြင်သည်နှင့် ကိုကိုက ရေကူးကန်ဘောင်သို့လက်တင်ပြီး ကန်ဘောင်ပေါ်မေးကိုပါ တင်ထားသည်
"အင့် ကိုကို လိမ်မော်ရည်ပဲ ဖျော်လာတယ်"
"အင်းး ဒါနဲ့ မင်း ရေကူးတက်လား"
ကိုကိုက အအေးကိုသောက်နေပြီး မျက်လုံးတဖက်ပင့်ကာမေးလေသည် သူငယ်ငယ်က ရေနစ်ဖူးချင် ရေဒူးလောက်ရှိတာတောင်မဆင်းရဲ
"ဟို ရေ ရေကြောက်တာ ကိုကို သားက"
"အင်း"
ကိုကိုထိုမျှပဲပြောပြီး သူ့အားအအေးခွက်လှမ်းပေးကာ
"ခုံပေါ်က တဘက်လေးယူခဲ့ပေး"
ကျွန်တော်ခေါင်းတချက်ငြိမ့်ပြကာ ခုံပေါ်သို့အအေးခွက်လေးချကာ တဘက်ယူပြီး ကိုကို့ဆီပြန်လာလိုင်သည်
"ရော့ ကို..အင့်..ဗုန်းး"
"ဟင့်..အား..ကို..အား..ကို..ဗွမ်းး."
သူ့လက်မှ ကိုကိုကဆွဲချပြီးရေကူးကန်ထဲ ဆွဲချလေသည် ကျွန်တော်မွန်းသွားကာ ရေထဲပက်လက်ပက်လက်ဖြစ်နေပြီး ကိုကိုက ကျွန်တော့်ခါးမှနေ၍ ထိန်းဖက်ပေးထားလေသည်
"ငြိမ်ငြိမ်နေ"
ကျွန်တော် ကိုကို့ခါးအားခွထားကာ လည်ပင်းကိုလည်းတင်းနေအောင်ဖက်ထားလိုက်သည်
"အင့်..အီးး ဟီးး.."
"မငိုနဲ့ တိတ် အသံမထွက်နဲ့"

YOU ARE READING
MAMA'S Boy
Teen Fiction#ငါ့အပေါ် ကျူးလွန်ပြီး နာကျင်အောင်လုပ်ထားသမျှ ခင်များသားကို ရအောင်ယူပြီး နှိပ်စက်ပြမယ် #ကောင်းကင်ဈာန် #ကိုကို ကျနော့်အပေါ်အနိုင်ယူပါ ကျနော်ကကိုကို့ကို အရမ်းချစ်တာမို့ အပြစ်မမြင်ပါဘူး