MAMA'S Boy Part-27
ရာစု ဒီနေ့ကိုကို့companyကို ထမင်းသွားပို့ရန် အိမ်ကအဒေါ်ကြီးတွေနဲ့ ပြင်ဆင်လိုက်သည်
ကားလမ်းကကြပ်အုံးမှာ ဘာညာနဲ့ဆို အခုတင်ဆယ်ခွဲနေပြီ
ပြီးတော့ ရေလည်းချိုးရအုံးမယ် ကျွန်တော် ထမင်းဟင်းတွေကို သေချာထည့်ထားခဲ့လိုက်သည်"အဒေါ် သားရေခနချိုးလိုက်အုံးမယ် ဒါလေးတွေကြည့်ပေးထားပါအုံး"
"အေး ဟုတ်ပြီ သွား သွား သား အဒေါ်ကြည့်ပေးထားမယ်"
ကျွန်တော်အသိမှတ်ပြုသလို ခေါင်းလေးတချက် ငုံ့ပြပြီး အပေါ်ထပ်ပြေးတက်လာခဲ့လိုက်သည် အခန်းထဲရောက်တော့ ကိုကို့အဝတ်အစားတွေက ခြင်းထဲအပြည့် ပြီးတော့ကိုကိုက သူ့အဝတ်အစားတွေ စက်နဲ့လျှော်ဖွတ်တာမကြိုက်၍ မနက်ဖြန်မှလျှော်ရန်စဉ်းစားလိုက်သည်
သူ့အဝတ်အစားတွေချွတ်ပြီး ခါးတွင် တဘက်ပတ်ကာရေချိုးခန်းထဲဝင်လာလိုက်သည် ရာစုရေချိုးပြီး ထွက်လာတော့ ဆယ့်တစ်ပင်ထိုးနေလေပြီ
ရာစု တီရှပ်အဖြူလေးကို ဒူးထက်ဘောင်းတီတိုအနက်လေးနဲ့ပဲ တွဲဝတ်လိုက်သည် ဆံပင်အုပ်အုပ်လေးကတော့ မျက်နှာပေါ်ဝဲကျမြဲ မျက်နှာကို ရာစုမှန်တချက်ပြန်ကြည့်ကာ အောက်ထပ်သို့ပြေးဆင်းလာသည်
"ဖြေး ဖြေး သားရယ် ပြုတ်ကျနေပါ့မယ် ရော့ "
"ကျေးဇူးပါ "
ရာစု ထိုအဒေါ်ကြီးက ထမင်းထည့်ထားတဲ့ဗူးလေးယူပြီး driverကိုပဲ လိုက်ပို့ခိုင်းလိုက်သည် ကားတွေလည်းကြပ်နေသည့်အပြင် မီးပွိုင့်ကပါမိနေသေးသည်
"ဟူးစ် မြန်မြန်ရောက်ချင်ပါတယ်ဆို"
ရာစုသက်ပြင်းမောချကာ ကားကူရှင်ကို မှီပြီးခနမှေးလိုက်သည်နှင့်အိပ်ပျော်သွားလေသည်
❤❤❤❤❤
"လိုက်ခဲ့ကွာ မရဘူးနော် တို့စိတ်ဆိုးမှာ"
ဈာန် တော်တော်ပင် ခေါင်းရှုပ်နေလေပြီ လုပ်ငန်းအရ ဆက်ဆံနေရသည့် လူတယောက်ဖြစ်သည့်အတွတ် နှင်ထုတ်၍လည်းမကောင်းပေ
"မဖြစ်ဘူး ဒေလီယာ ကိုယ်လည်းအလုပ်မအားလို့ပါ"
"အခုမဟုတ်ဘူး ညမှလေကွာ"

YOU ARE READING
MAMA'S Boy
Teen Fiction#ငါ့အပေါ် ကျူးလွန်ပြီး နာကျင်အောင်လုပ်ထားသမျှ ခင်များသားကို ရအောင်ယူပြီး နှိပ်စက်ပြမယ် #ကောင်းကင်ဈာန် #ကိုကို ကျနော့်အပေါ်အနိုင်ယူပါ ကျနော်ကကိုကို့ကို အရမ်းချစ်တာမို့ အပြစ်မမြင်ပါဘူး