MAMA'S Boy

19.3K 826 5
                                    

Mama Boy part -5

စျာန် သူ့ရင်ခွင်ထဲကအခုထိမထွက်သေးသောကြွက်ဖြူစုတ်လေးအား လက်မောင်းနှစ်ဖက်မှကိုင်ကာ သူနှင့်ခွာစေလိုက်သည်။ခွာသွားပေမယ့်မျက်နှာလေးကမော့မလာပေ ရှက်လွန်း၍ထင် ပါးပြင်မို့မို့လေးတွေကနီရဲနေလေသည်

"ဟေ့ မျက်နှာမော့နော် မမော့ရင် ကိုယ့်အဆိုးမဆိုနဲ့"

သူခြိမ်းခြောက်လိုက်မှအလန့်တကြားခေါင်းလေးကမော့လာလေရဲ့ မျက်လုံးဝိုင်းကြီးတွေထဲ မျက်ရည် ဥလေးများတွဲခိုနေပုံက အခြားလူကြည့်ရင်သနားစရာပေမယ့် သူ့အနေနဲ့ကတော့ ကြမ်းရမ်းပစ်ချင်စရာလေးပင်

"အခု အိမ်ပြန်မှာလား အပြင်ထွက်မှာလား"

"ဟို ဟို သူငယ်ချင်းတွေပါတယ်"

ကျွန်တော့်အင်္ကျီခါးစလေးကိုမလွှတ်ပဲ ထိုအင်္ကျီစကိုလက်ကလေးများနှင့်လိမ်ကျစ်ကာ ခေါင်းကငုံ့နေပြန်သည်
တကယ်ကိုအူယားစရာလေးပင် သူကြည့်ရင်းကြည့်ရင်းအူယားလာကာ မေးစေ့လေးကို လက်ဖြင့်အတင်းပင့်မပြီး ခန္ဓာကိုယ်လေးကို နံရံနှင့်ပိုကပ်စေကာ အကြမ်းပတမ်း နမ်းရှိူက်ပစ်သည်။

"အွင့်..အွန်းးး "

သူမရပ်တန့်နိုင်ပဲ ထိုနှုတ်ခမ်းတခုလုံးကို စုပ်ယူပစ်သည်။ နှုတ်ခမ်းသေးသေးလေးတခုလုံးကို သူစုပ်ယူပစ်လိုက်သည် ခါးလေးကိုခပ်တင်းတင်းဖက်ပြီး လက်တဖြင့်ပါးလေးကိုညှပ်ကိုင်ကာ ဆူထွက်လာသော ထိုနှုတ်ခမ်း စူလုံးလုံးလေးကို အားရပါးရနမ်းရှိူက်ပစ်သည်

"အွင်းး.. အွန့်းး "

အားမရစွာ ထိုနှုတ်ခမ်းသေးသေးလေးကို ကိုက်ချလိုက်ပြီး ထွက်လာသောသွေးများကိုစုပ်ယူလိုက်သည် ထိုကလေးကတော့ အသက်ရှူမရ၍ထင် သူ့ရင်ဘတ်အား တွန်းပြီးနည်းနည်းရုန်းလာလေသည် ကျွန်တော် ထွက်လာသော သွေးများကိုအကုန်စုပ်ယူပြီးမှ နှုတ်ခမ်းလေးကိုလွှတ်လိုက်သည်

"မင်း နှုတ်ခမ်းတခုလုံးကို စုတ်ပြတ်သတ်အောင် ကိုက်ပစ်ချင်တာ သိလားbaby"

အခုမှ လေကိုအပြင်းအထန်ရှူနေရပုံနှငိ့ နှုတ်ခမ်းလေးကိုဟကာ အသက်ရှူနေလေသည် ကျွန်တော် ထိုပေါက်သွားသော နှုတ်ခမ်းသေးသေးလေးကို လက်ဖြင့်ဖိပွတ်လိုက်ပြီး တဖန်ပြန်ထလာသောစိတ်ကိုချုပ်တီးလိုက်ရသည်

MAMA'S BoyTahanan ng mga kuwento. Tumuklas ngayon