Part-10 ( Unicode)

5.8K 465 2
                                    

ဦးသန့်ဇင်၏ အိမ်အရိပ်ကို ခြေချလိုက်တာနှင့်
ထူးထူး စိုးရိမ်စိတ်တို့ တစ်စီတစ်တန်းကြီး
ဝင်လာရသည်။

ဦးသန့်ဇင်ကတော့ အိမ်ကိုရောက်ရောက်ခြင်းပဲ
ထူးထူးနေရမယ့် အခန်းကို
ကိုယ်တိုင် လိုက်ပြပေးသည်။
အပေါ်ထပ် လှေကား တက်တက်ချင်း
ညာဘက်အခြမ်းကွေ့ကာ အထဲကို
နည်းနည်း ၀င်ရသေးသည်။

ထူးထူးရဲ့ ရှေ့ခန်းက ခွန်းသော်ရဲ့ အခန်းတဲ့...၊
အခန်းနှစ်ခန်းက မျက်နှာချင်းဆိုင်
အနေအထားတွင် ရှိနေတာကြောင့်
ပို၍ပင် စိုးရိမ်စိတ်တို့ ဝင်လာရပြန်သည်။

အခန်းထဲ ရောက်တော့ ထူးထူးနေရမည့်
အခန်းအကျယ်က တိုက်ခန်း တစ်ခုစာလောက်
ရှိနေသဖြင့် ပါးစပ်အဟောင်းသားနှင့်
အံ့သြနေရသည်။ တော်တော်ကို ကျယ်သည့်
အခန်းကြီးပါလား .. ။
စစဝင်ခြင်း အိပ်ယာကို မတွေ့ရသလို၊
ဧည့်ခန်းသဏာန် ဖြစ်တည်နေသည့် ၊
ဆိုဖာထိုင်ခုံရှည်နှင့် ရှေ့တွင် စားပွဲချထားပြီး၊
ထိုအရှေ့တွင်တော့ သိပ်ကို ကြီးမားလှသည့်
တီဗီကြီးတစ်လုံး ရှိနေသည်။

အထဲထပ်ဝင်လာတော့မှ show case 
အမြင့်ကြီး တစ်ခုက ဆီးကြိုနေသည်။
ထို show case ပေါ်တွင် ထူးထူးဆွဲထားသော
ပန်းချီကားလေးများကို အစီအရီ တင်ထားလေသည်။
ထို showcase ၏ တစ်ဖက်ခြမ်းတွင်
နှစ်ယောက်အိပ်ကုတင်ကြီးတစ်လုံး ရှိနေပြီး၊
ကုတင်ဘေးတွင်တော့  ယောက်ျားလေးသုံး
ခေါင်းလိမ်းဆီများ၊ ရေမွှေးများ နှင့် အခြား
ဘာမှန်းမသိသောစ္စည်းများ တင်ထားသည့်
မှန်တင်ခုံတစ်လုံးကိုပါ  တွေ့လိုက်ရသည်။

ပြီးနောက် ထူးထူး၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည့်
ပန်းချီ ဆွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ
တင်ထားသည့် စာကြည့်စားပွဲတစ်လုံးက
ဘေးချင်းကပ်ရပ်တွင် တည်ရှိနေသည်။

"ကြိုက်ရဲ့လား သား....?
သားက ရိုးရိုးရှင်းရှင်းလေးပဲကြိုက်တယ်ဆိုလို့၊
အခန်းကိုလဲ အငြိမ်လေး
decoration လုပ်ပေးထားတာ..."

ကြိုက်တာထက်ကို ပိုပါတယ်..ဦးသန့်ဇင်ရယ်။
အရမ်းကို ခမ်းနားလွန်းလို့
နေရမှာတောင် နှမြောမိသည်။

ဒဏ္ရာWhere stories live. Discover now