Part-17 (Unicode)

5.1K 473 9
                                    

ထူးထူး တစ်ညလူံး အိပ်မရခဲ့၊
မနက်လင်းခါနီးမှ တစ်ရေး အိပ်ပျော်သွားတော့
အသူရာက ထူးထူးကို လာနှိုးပြီး

"ထူး... ၈နာရီ ထွက်မယ်တဲ့ ထတော့...."

ဟုဆိုတော့မှ ထူးထူး အိပ်ယာမှ
ကမန်းကတန်းထလိုက်တော့
အသူရာက အဆင့်သင့်ပင် ဖြစ်နေလေပြီ။
ဒီကောင်လေး တော်တော် တက်ကြွနေပါလား....။

"ထ... ရေချိုး...၊ငါ အပြင်မှာစောင့်နေမယ်..."

"အင်း...."

...........

အသူရာ ခြံထဲသို့ ထွက်လာစဉ်တွင် ခြံထဲရှိ
ပန်းဝါဝါလေးတွေ နားတွင် ရပ်နေသော
စိုင်းမင်းခွန်းသော်ကို တွေ့လိုက်ရသဖြင့်
ဘာရယ်မဟုတ် ငေးကြည့်နေမိသည်။
နေရောင်ကျနေသော မျက်နှာတစ်ခြမ်းက
ရွှေရောင်တွေတောက်နေသလိုပင်၊
သေချာကြည့်တော့ သူလဲ တော်တော် ချောပါလား...။

စစတွေ့ခြင်းတုန်းက လူတစ်ဖက်သားကို
နစ်နာအောင် ပြောသည့် ရုပ်နှင့် ခု ရုပ်လေးများ
လူံးဝကို တစ်ခြားဆီ။
ပန်းလေးတွေကြားတွင် ပန်းလေးတွေနှင့်
အပြိုင် လှရက်နိုင်လွန်းတဲ့ လူတစ်ယောက်ပါပေ။
ဒါ့ထက် ပိုထူးခြားသည်က သူ့ဆံပင်တွေ၊
သာမာန်ထက်ပို၍ ရှည်လျားသော
ထိုဂုတ်ထောက်ဆံပင်များက အသူရာ့တို့
ဆံပင်များထက်ပင် ပျော့အိကာ၊
နက်မှောင်နေလေသည်။
ခေတ်စားနေတဲ့ စကားနဲ့ ပြောရရင် ၊
သိပ်ကို နန်းဆန်တဲ့ လူတစ်ယောက်ပါပေ။

သူက အသူရာ ရောက်နေတာကို မြင်သွားပြီး
အသူ့ရာ့ကို ကြည့်လာတာကြောင့် ပြုံးပြလိုက်ကာ... သူ့နားသို့ တိုးကပ် သွားလိုက်ပြီး...

"ခွန်းသော်.... ဆံပင်တွေက အရမ်းလှတယ်နော်...."

ဟုပြောပြီး အသူရာ့ လက်တွေ သူ့ဆံပင်တွေကို
အရမ်းကိုင်ချင်လာတာကြောင့် သူ၏
ဦးခေါင်းနားသို့ ရောက်သွားချိန်၊
သူက အသူရာ့ လက်ကိုဆွဲကိုင်လိုက်ကာ...

"အသူရာ....၊ ခေါင်းကို ကိုင်တာ
ကို မကြိုက်ဘူး...."

သူ့လေသံက အရမ်းမာတယ်လို့ မဟုတ်ပေမယ့်၊
ခေါင်းကိုင် တာ တကယ် မကြိုက်မှန်း
ပေါ်လွင်နေတာကြောင့် အသူရာ လက်ကို
ပြန်ရုပ်သိမ်းလိုက်ကာ.....

ဒဏ္ရာWhere stories live. Discover now