Part-18 (Unicode)

5K 452 3
                                    

ညမှောင်လာသည်အထိ ထူးထူး ကုတင်ပေါ်မှာ
ခွေခွေလေး လှဲနေမိသည်။
ထမင်းလဲ စားချင်စိတ်မရှိ..။
အပြင်လဲထွက်ချင်စိတ်မရှိ။

အာဏာကိုလဲ အရိပ်အယောင်တောင်
မမြင်ရတော့ပေ။ ထူးထူးကိုစိတ်နာပြီး ၊
မုန်းသွားပြီလား.... ၊ သူ ထူးထူးကို နမ်းလိုက်တဲ့
အချိန်မှာ ဖြစ်သွားတဲ့ ဒေါသထက် ထူးထူး
ရုန်းလိုက်လို့ သူထွက်သွားတဲ့ အချိန်မှာ
ဖြစ်လာတဲ့ ဆုံးရှုံးလိုက်ရမှာ ကြောက်တဲ့စိတ်က
ပိုများနေခဲ့သည်။

ငါ မှားသွားပြီလား ဆိုတဲ့ မေးခွန်းကိုလဲ
အကြိမ်ကြိမ် မေးနေမိသည်။

အပြင်က တံခါးခေါက်သံကြားသဖြင့်
အာဏာများလား ဟု ထင်မိသေးသည်။
တံခါးဆီ အမြန်သွားကာ ဖွင့်လိုက်တော့
မော်လမင်းဟန် ဖြစ်နေလေသည်။

"နေကောင်းရဲ့လား..?.
ထမင်းလဲ မစားရသေးဘူးဆို..?.. "

သူက တည်ငြိမ်စွာမေးသည်။

"ဟုတ်.. ကောင်းပါတယ် မော်..၊ မဆာလို့ပါ..."

"မနက်ကချော်လဲတာရော ဘာဖြစ်သွားသေးလဲ...?
ဒူးပွန်းသွားတာ ကို့ကို ပြ ..."

မော်လမင်းဟန် ထူးထူး ရှေ့တွင်
ကုန်းကုန်းကွကွနှင့် ဒူးခေါင်းကို ကြည့်သဖြင့်
ထူးထူး နောက်နည်းနည်းဆုတ်လိုက်မိသည်။

"တော်တော်ပွန်းသွားတာပဲ.၊
မနက်က ဆေးထည့်ထားသေးလား...?"

ထူးထူး ခေါင်းညိတ်လိုက်ရင်း....

"ဟုတ် ....ဆေးထည့်ထားတယ်...၊
ရတယ် မော်... ထူး ဘာမှ မဖြစ်တော့ပါဘူး..."

"အင်းပါ..၊ ထမင်းတော့ ထွက်စားဦး...... "

"ဟုတ်..."

သူက ပြုံးပြတယ််။ ထူးထူး သိပ်မျှော်လင့်ခဲ့ရတဲ့
အပြုံးတွေ...၊ ထူးထူးကို ရင်ခုန်စေခဲ့တဲ့ အပြုံးတွေ...၊
ဒါပေမယ့်.....အခု တကယ်တမ်းရတော့
ထူးထူး ပျော်တယ် လို့ မခံစားမိ။
ခုချိန်မှာ ထူးထူး ခေါင်းထဲတွင် ရှိသည်က
အာဏာမင်းဆက် အကြောင်းများသာ...။

"မနက်ဖြန် မန္တလေး သွားမယ်နော်..၊
ကိုးနာရီလောက် ထွက်မယ်... ပြင်ထားဦး..."

ဒဏ္ရာWhere stories live. Discover now