Part-24 (Unicode)

5.4K 467 8
                                    

နောက်နေ့ မနက် ကျောင်းရောက်တော့
အသူရာက......

"အဲ့တာဆို ညမှ သွားစားမှာပေါ့..
ကျောင်းက စောစော ပြန်ပြီး ညကျရင်
ငါ့ကို အိမ်လာခေါ်လေ .. နော်..."

အသူရာက မနက်ထဲက စားဖို့သောက်ဖို့
အကြောင်းသာ ပြောနေသဖြင့် ထူးထူး ပြုံးမိသည်။
ခုချိန်မှာ အနားမှာ ရှိပေးပြီး စိတ်ရင်းအမှန် နဲ့
ဆက်ဆံပေးသူက အသူရာတစ်ယောက်သာ
ရှိတာလေ.။

"အင်း နင်ဆိုင်ကော ရွေးပြီးပြီလား...? "

"ရွေးထားတယ် ဟော့ပေါ့ ဆိုင်..၊
ကျွေးနော်...? နင်က ဘောစိ ဖြစ်နေပြီပဲဟာ..."

"အာ မဘောစိပါဘူးဟာ..."

"မသိဘူး.. ငါကတော့ ဟော့ပေါ့ပဲ...."

"ဟုတ်ပါပြီ ဗျာ....."

"ဒါနဲ့ အာဏာမင်းဆက်က
ခုချိန်ထိ ပေါ်မလာဘူးလား.?.."

ထူးထူး ခေါင်းညိတ်လိုက်သည်။
မေ့ထားဖြစ်အောင် ကြိုးစားထားသည့်
အကြောင်းအရာက ခေါင်းထဲ ပြန်ပေါ်လာပြန်သည်။

"သူ အသစ်တွေ့သွားတာများလား...?"

အသူရာရဲ့ စကားက ထူးထူးရင်ကို
ပူလောင်သွားစေသည်။

"ထူးထူး...!! အိမ်က အရေးကြီး ကိစ္စရှိလို့
ထူးထူးကို ခဏ လာခိုင်းထားတယ်.. ၊
ခု လိုက်လာမှ ဖြစ်မယ် ထင်တယ်... "

ကားဒရိုင်ဘာဦးမောင်က ထူးထူးကို လာပြောတော့
ထူးထူး ရင်ထဲ ထိတ်ခနဲ ၊ဘယ်သူများဘာဖြစ်လို့လဲ
မသိဘူး..။

"ဟုတ်လား.. .ဦးမောင်...ဘာဖြစ်လို့လဲဟင်....
အသူရာ..!
ငါ သွားလိုက်ဦးမယ်....နော်."

"အေးအေး ငါ့ကို ဖုန်းဆက်ဦးနော်..."

ထူးထူး ခေါင်းညိတ်ကာ ဦးမောင်နောက်
လိုက်ခဲ့လိုက်သည်။

ဦးမောင်က ခပ်မြန်မြန် မောင်းနေသောကြောင့်
အိမ်က ဘာဖြစ်လို့လဲ မေးတော့ ... ၊
သူလဲ မသိဘူး အိမ််က လာခဲ့ဖို့ ပြောတဲ့
နေရာကို သွားနေတာတဲ့...၊ ရင်တထိတ်ထိတ်နှင့်
လိုက်လာရသည်။ မောင်းလာတာ တော်တော်
ကြာနေညပီ ဖြစ်ပြီး တစ်ဖြည်းဖြည်း
မြို့ စွန် ရောက်လာတော့
စိတ်ထဲ တစ်မျိုးဖြစ် လာသည်။

ဒဏ္ရာWhere stories live. Discover now