ထူးထူးတို့ စားသောက်ပြီးချိန် ဦးမောင်ကိုလည်း
မခေါ်ချင်တော့တာနဲ့ တက်စီနဲ့သာပြန်ခဲ့ဖြစ်သည်။ထူးထူး အိမ်ပြန်ရောက်တော့ ခြံထဲတွင်
ရပ်ထားသော အိမ်က ကားမဟုတ်သည့်
ကားတစ်စီးကို တွေ့လိုက်ရသည်။
ဧည်သည်ရောက်နေတာများလား..?။
အိမ်ထဲဝင်လာတော့ ဘယ်သူမှ မရှိ...
ကိုခွန်းသော် ဧည်သည့်ဖြစ်လောက်သည်။
ကိုခွန်းသော် က သူ့ဧည့်သည်ဆို
သူ့အခန်းထဲသာခေါ်တွေ့တတ်သည် မဟုတ်ပါလား..။ထူးထူး အခန်းထဲဝင် ရေမိုးချိုး
အဝတ်စားလဲပြီးတော့ မသိတဲ့ ဖုန်းနံပါတ်နှင့်
ဖုန်းတစ်ကောလ် ဝင်လာတာကြောင့်
ကိုင်လိုက်တော့.."ဟယ်လို..."
"ဟယ်လို...ထူးထူး..."
တစ်ဖက်က ဘယ်သူ့အသံမှန်း ထူး ကောင်းစွာ မသိ၊ ..
"ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူး....."
"ကိုကြီးဝေယံပါ...၊ "
ဟင် ကိုကြီးဝေယံ...? ကိုကြီးဝေယံဆိုတာ
ထူးကို ပန်းချီ သင်ပြပေးခဲ့ဖူးသည့် ဆရာဖြစ်သည်။
သူက နိုင်ငံခြားမှာအလုပ်သွားလုပ်နေတာကြောင့်
သူနဲ့ ဆက်အသွယ်မရတာ တစ်နှစ်လောက်ရှိနေပြီ
ဖြစ်သည်။"ထူးထူး အိမ်ရှေ့မှာ ကိုကြီးရောက်နေတယ်
မနေ့ကမှ ပြန်ရောက်လို့၊ လာတွေ့တာ...၊ "ကိုကြီး ဝေယံ စကားကြောင့်
ထူးထူး ကြောင်အသွားသည်။
ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး..."ဟို ထူးက အိမ်ပြောင်းသွားပြီ ၊
အရင်အိမ်မှာ မနေတော့ဘူး..""ကိုကြီးသိပါတယ်.. ၊
အိမ်အသစ်ရှေ့ကိုပဲ ရောက်လာတာ.."အန်..
ထူးထူး အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့
အမြန်ဆင်းခဲ့ရင်း...အပြင်ကို ထွက်ကြည့်တော့..
ကားကို မှီကာ စောင့်နေသည့် ကိုကြီးဝေယံကို
တွေ့လိုက်ရသည်။"ထူး.. မတွေ့တာကြာပြီ......"
သူပြုံးက နှုတ်ဆက်စဉ်၊ ပြန်ပြုံးပြလိုက်ကာ...
ခေါင်းထဲတွင် ချက်ချင်းပေါ်လာသူက အသူရာပင်။
ဒီကိစ္စ အသူရာ ဆေးထိုးလိုက်တာပဲ
ဆိုတာ သေချာသည်။
ထူးထူး အိမ်ပြောင်းသွားတာကို အသူရာက
လွဲပြီး ဘယ်သူမှ မသိဘူးလေ။
ကိုကြီး ဝေယံကိုလဲ အသူရာ ပြောလိုက်ပုံပင်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်