Part-30 (Unicode)

6.3K 466 3
                                    

ညအိပ်ခါနီး ဖုန်းတွေ အဆတ်မပြတ်ဆက်နေသော
ခွန်းသော်၏ ဖုန်းကို အသူရာ block လိုက်သည်။
ဆက်ပြီး ပက်သက်ဖို့ တကယ်ကို မဖြစ်နိုင်တော့ဘူး
ခွန်းသော်။

ခဏကြာတော့ မက်ဆေ့တစ်စောင် ဝင်လာသည်။

"ကို အသူရာ အိမ်ရှေ့ရောက်နေတယ်၊
အသူရာ ထွက်မလာမချင်း ကိုဘယ်မှ မသွားဘူး...."

စိတ်ညစ်ပါတယ်၊

အိမ်ကသိသွားလို့ မဖြစ်၊
အသူရာ အိမ်ထဲမှ ထွက်လာကာ ခြံရှေ့တွင်
ရပ်ထားသော ခွန်းသော် ကားနားသို့ လျှောက်လာချိန်၊
ခွန်းသော်က ကားထဲမှ ချက်ချင်းဆင်းလာကာ....

"အသူရာ... ဒီမှာကြည့်...."

သူ့လက်ထဲမှ ကားသော့နှင့် သူ့ကားနောက်တွင်
ရပ်ထားသော အဖြူရောင်ကားလေးအား
လှမ်းဖွင့်လိုက်ကာ...
သော့အား အသူရာ့ထံ ထိုးပေးပြီး....

"အသူရာ့ အတွက် လက်ဆောင်....၊
ကြိုက်လား..?"

ခွန်းသော်၏ အပြုအမူများက အသူရာ့အတွက်
ပြောစရာ စကားတောင် မရှိတော့လောက်အောင်ပင်။

အသူရာ့ဘဝတွင် သူ့လို အရာရာ ပြည့်စုံသည့်
သူမျိုးကို ပိုင်ဆိုင်ခွင့်ရချင်ခဲ့တာ အသူရာ့၏
ရည်မှန်းချက် တစ်ခုလို ဖြစ်ခဲ့ဖူး သည်။

ဒီလိုမျိုး လက်ဆောင်မျိုးကို
စိတ်ကူးယဉ်ခဲ့ဖူးတာလဲ အကြိမ်ကြိမ်ပင်....

သို့သော်.....

ဒီလိုအချိန်တွင်တော့ မဟုတ်ခဲ့...။

သူ အသူ့ရာအပေါ် သတ်မှတ်ထားတဲ့ တန်ဖိုးက
ဒါ့ထက်မပိုခဲ့ဘူးလား၊
ကားတစ်စီးပေးလိုက်တဲ့အခါ၊
အသူရာကတော့ သူ့ဆီ ပြန်ပါလာမှာပဲ လို့
သူတွေးခဲ့ပုံရပါသည်။

"ပြန်ယူသွားပါ ခွန်းသော်၊
အသူရာတို့ လမ်းခွဲပြီးပြီလေ.."

"ကို မင်းကို မခွဲပေးနိုင်ဘူးလို့ ပြောပြီးပြီလေ
အသူရာ....၊ ဒီ လောက်ပေးတာတောင် မင်းအတွက်
မလုံလောက်သေးဘူး လား...၊ အိမ်လိုချင်လား..?
မင်း အိမ်လိုချင်ရင် ငါမင်းအတွက် အိမ်တစ်လူံးပါ
ဝယ်ပေးနိုင်တယ်...."

အသူရာ၊ ခွန်းသော်အား သေချာစွာ
စိုက်ကြည့်နေရင်း...
ပြန်ပြောရမည့် စကားတွေတောင် ရင်ဘတ်ထဲတွင်
တစ်ဆို့ လာရသည်။

ဒဏ္ရာWhere stories live. Discover now