Part-43 ( Unicode)

6.6K 432 1
                                    

မိသားစု လေးယောက် တစ်ခါတစ်လေမှ
ဆုံဖြစ်သည့် ထမင်းစားဝိုင်းလေးက အမြဲလို
တိတ်ဆိတ်နေတတ်သည်။
ထူးထူးနဲ့ ကိုခွန်းသော်သာ ရင်းနှီးလာသော်လည်း၊
မေမေနဲ့ ဦးသန့်ဇင် တို့နှစ်ယောက်ရဲ့
မအားလပ်မှုတွေကြောင့် တွေ့ရတယ်လို့ မရှိလှ။

ထို့ကြောင့် လေစိမ်းများဖြတ်တိုက်နေသည့်
သဖွယ် အေးစက်နေလေသည်။
ထိုအေးစက်မှုအား စတင် ဖြိုခွင်းလိုက်သူက
ဦးသန့်ဇင်ပင်..

"ကျောင်းပြီးသွားပြီဆိုတော့...၊
ဖေဖေ့အလုပ်ကို စလေ့လာဖို့ လုပ်တော့...
ထူးထူး..."

ဦးသန့်ဇင့်၏ စကားကြောင့် ထူးထူး စားလက်စ
ရပ်တန့်သွား ပြီး မေမေ့ကို လှမ်းကြည့်မိတော့
မေမေက ခေါင်းညိတ်ရန် မျက်နှာရိပ်လှမ်းပြသည်။

ဦးသန့်ဇင် ထိုသို့ မပြောခင်ထဲက မေမေ ထူးထူးအား
အမြဲတမ်း ဖိအားပေးနေခဲ့သော အရာဖြစ်သဖြင့်၊
ငြင်းဆန်နိုင်စွမ်းလဲ မရှိတော့....

"ဟုတ်..."

ဟုသာ ဖြေရင်း၊ ခေါင်းကို ငုံ့ထားမိချိန်၊
ကိုခွန်းသော်က ..

"ဖေဖေ... ၊ ထူးထူးအခု ရေးတဲ့ manga က
လူကြိုက်များပြီး၊ နိုင်ငံခြားထိပါ
ပေါက်သွားတယ်....."

ဟူ၍ ထူးဘက်က ဝင်ပြောပေးချိန် ဦးသန့်ဇင့်ရဲ့
အကြည့်တွေကြောင့် ပြန်လည်
ငြိမ်ကျသွားလေသည်။

ကိုခွန်းသော် ခုလို ပြောပေးတာကြောင့်
သူဟာ ထူးအတွက် တကယ့်ကို အကိုကြီး
တစ်ယောက်လို ထူး ခံစားရသဖြင့်
ပျော်ရွင်မိတာတော့ အမှန်ပင်။

" ဘာမဟုတ်တဲ့ နေရာတွေမှာ
တော်နေဖို့ မလိုဘူး.. ၊
မနက်ဖြန်ကစပြီး လုပ်ငန်းအကြောင်း
စလေ့လာပါ၊
သားနဲ့ လူတစ်ယောက် တွဲပေးထားမယ်...."

ဦးသန့်ဇင်စကားက တကယ်ကို
အရှိုက်တည့်တည့်ထိမှန်လေသည်။

ဘာမဟုတ်တဲ့ နေရာတွေတဲ့လား...?

အားလုံး ခတ္တမျှ ငြိမ်ကျသွားပြီးနောက်....

ထူးထူး ပြန်ပြောစရာ စကားတွေ မဲ့နေမိသည်။
ဒီလို ဘဝထဲကို ဘယ်တုန်းကမှ
ဝင်မလာဖြစ်ခဲ့ရင် ကောင်းမှာ..။

ဒဏ္ရာWhere stories live. Discover now