ငါးနှစ်ကြာပြီးနောက် ...
အနုပညာ ကျောင်းဝင်းကြီးတစ်ခု အတွင်းရှိ
ကန်တင်းတစ်နေရာတွင် လူတစ်ယောက်
နာရီ တကြည့်ကြည့်နှင့် စောင့်ဆိုင်းနေသလို၊
ထိုသူအား ဝိုင်းကြည့်နေကြသော
ကျောင်းသား ကျောင်းသူများက
တောင်ပုံရာပုံဖြစ်နေလိုက်ပုံက
အပြင် က ကြည့်လျှင်တောင်
ထိုလူ့အားမြင်ရဖို့ ခဲယဉ်း လွန်းလှသည်။"ချောလိုက်တာဟယ်..."
"နင် သွားမိတ်ဆက်.."
"အာ ကြောက်တယ်."
"လူလာရွေးတာလား..?"
"အဆိုတော်သစ်လာရွေးတာထင်တယ်."
"သူ့ကောင်မလေးများ ဒီကျောင်းမှာ
တက်နေလို့လား.?"
"သူ သတိထားမိအောင်
သီချင်းသွားဆိုပြရမယ်.."
"မသိဘူး ကြွေပြီ....."ကျောင်းသား ကျောင်းသူများ၏
တစ်ယောက်တစ်ပေါက် အသံများ ကြားတွင်
ဓာတ်ပုံရိုက်သူက ရိုက် live လွှင့်သူက လွှင့်နှင့်
အလုပ်ရှုပ်နေကြသလို၊တစ်ယောက်ထဲထိုင်ကာ မျှော်လင့်တကြီး
တစ်စုံတစ်ယောက်အား စောင့်နေသူကတော့၊
ဘယ်သူ့ကိုမှ အဖတ်မလုပ်၊
ရှိတယ်တောင် ထင်ပုံမရ...။အချိန်က တစ်ဖြည်းဖြည်းလင့်လာသလို၊
ကျောင်းဆင်းချိန်ကိုတောင် ရောက်ခါနီးနေပြီ
ဖြစ်ပြီး ထိုသူ မျှော်နေတဲ့ လူက ရောက်မလာခဲ့သေး...၊"သူ တစ်ယောက်ယောက်ကို စောင့်နေတာ..."
"သူ့ကြည့်ရတာ ငိုတော့မလိုပဲ..."
"သူ အငြင်းခံရတာလား..?"
"တောက်.! သူ့လိုလူမျိုးကို
ဘယ်သူက ငြင်းရဲတာလဲ.."
"သူစောင့်နေတာ ငါသာဖြစ်လိုက်ပါတော့..."စသဖြင့် တီးတိုးစကားဆိုသံတွေ
ဟိုတစ်စ ဒီတစ်စ ထွက်လာပြန်လေသည်။"အကို.. တစ်နေကုန် ဘာမှလဲ မစားဘူး...၊
တစ်ခုခု စားပါလား...၊
အကိုက ဒီဆိုင်တစ်ခုလူံးကို ငှားထားပြီး
ဘာမှ မစားတော့ ၊ အားနာလို့ပါ..."ဆိုင်ရှိ စားပွဲထိုးလေး က စကားသွားပြောချိန်၊
ထိုသူက လက်ကာ ပြလိုက်ကာ..."သူရောက်မှ စားမယ်...."
ဟူ၍ ပြောလေသည်။ ဘေးဆိုင်တွေက
ကလေးတွေ ကတော့ ကွက်ကြည့် ကွက်ကြည့်နှင့်
သူစောင့်နေသော သူအား စိတ်ဝင်တစား
သူနဲ့ အတူ မျှော်နေမိကြသည်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်