အာရုဏ်ဦးရဲ့ရောင်နီ
.................
အပိုင်း(၂)
................
အာရုဏ်ဦး
သူအော်နေတာမို့ကျွန်တော်လဲအိပ်ချင်တာတွေဖယ်ပြီး ထလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်မိတော့မှ ကျွန်တော်အိပ်နေရင်း တိုက်မိထားသော ပန်းကန်တို့ကအလဲလဲအပြိုပြိုနှင့်သူ့ဖျာပေါ်မှာ ပွနေလေသည်။
"အဲ့ဒါဘယ်လိုလုပ်ထားတာလဲကွ...အခုပြန်ရှင်း"
ကျွန်တော်လဲဘာပြန်ပြောရမှန်းမသိပဲသူ့ကိုမော့ကြည့်နေမိသည်။
"ရောင်နီ...ဘာဖြစ်တာလဲ...ဟယ်...အစ်မပြန်ရှင်းပေးမယ်...ခဏလေး"
ကျွန်တော်လဲကယ်တင်ရှင်တွေ့သလိုဝမ်းသာသွားမိကာဒီတိုင်းပဲထိုင်နေမိသည်။ ထိုအစ်မကပြန်ထွက်သွားလေသည်။
"မင်းကဘာလုပ်နေတာလဲ...ကျနေတာတွေကောက်...တစ်ခါတည်းပြောထားမယ် နောက်ဆိုငါ့အခန်းထဲမှာအစားမစားနဲ့...ကြားလား"
အရင်ကမေမေတို့ဆူတာလဲခံဖူးပေမဲ့ အခုတော့သူစိမ်းတစ်ယောက် ကဆူနေတော့ လူကအလိုလိုဝမ်းနည်းလာသည်။
"မေးနေတာဖြေလေ...."
သူ့အသံထပ်ထွက်လာတော့ ကျွန်တော်အသာခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော်မျက်ရည်ဝဲနေတာကိုတော့ အောက်ငုံ့ပြီးကောက်နေတာမို့ ထိုလူတွေ့မည်မထင်ပါ။
"ရောင်နီကလဲ...ဧည့်သည်ကိုအားနာစရာ...နေ..နေ မောင်လေး အစ်မလုပ်လိုက်မယ်"
ထိုအစ်မကရေစိုဝတ်ယူကာ အနားရောက်လာလေသည်။
"အဲ့ဒီအဝတ် သူ့ကိုပေးလိုက်အစ်မ။ သူလုပ်တဲ့အမှိုက်ကိုသူရှင်းပါစေ"
"ရောင်နီ..."
သူ့အစ်မကလဲသူ့ကိုမနိုင်သလိုဘာမှမပြောတော့။ ကျွန်တော်လဲမနေသာတော့ပဲ အဝတ်ကိုယူကာ သူ့ဖျာပေါ်ကိုသုတ်ပေးနေလိုက်သည်။
"သား...ဘာတွေဖြစ်နေကြတာလဲ...သားငယ်လေးကိုဘာတွေခိုင်းနေတာလဲ"
"သူလုပ်လို့ပွနေတာတွေရှင်းခိုင်းနေတာပါ အမေ"
"ဟယ်...ဧည့်သည်ကိုဘာတွေခိုင်းနေတာလဲ။ သမီးယူပြီးလုပ်ပေးလိုက်လေ"
![](https://img.wattpad.com/cover/182203776-288-k250064.jpg)