အာရုဏ်ဦးရဲ့ရောင်နီ
.........................
အပိုင်း(၄)
..........................
အာရုဏ်ဦး
ကျွန်တော်အော်ခေါ်လိုက်ပြီးတာနဲ့ ကျွန်တော့်ရှေ့မှာတစ်စုံတစ်ယောက်က ပိတ်ရပ်လိုက်လေသည်။
"သားကြီး...ဖိုးညို..."
ကျွန်တော် သူ့လက်ကြားထဲကနေအသာလေးချောင်းကြည့်တော့ နွားကြီးက ခုနကပုံစံမဟုတ်တော့။ သူ့သခင်ကိုတွေ့လိုက်တာကြောင့် ပျော်နေပုံပင်။
သူကအနားကပ်သွားကာ ပွတ်သပ်ပေးနေလေသည်။ ကျွန်တော်ကတော့ အခုထိရပ်နေမိဆဲပင်။
"လာလေ.."
"ဒါ အဖေ့တပည့် ဖိုးညိုရဲ့...နောက်ရန်မလုပ်ရဘူးနော်"
သူပြောတော့နားလည်နေသလို ကျွန်တော့်ကိုရန်မမူတော့။ ကျွန်တော် သူ့အနားသွားရပ်လိုက်တော့ သူက လက်ကိုယူကာ နွားကြီးကိုပွတ်သပ်ခိုင်းလေသည်။
"ဘာလို့မပြောမဆိုထွက်သွားတာလဲ"
ခဏလေး စိတ်သက်သာရာရတုန်းရှိသေးတယ် သူကဆူနေပြီမို့ မျက်နှာကို စူပုတ်ထားမိသည်။
"ဆူတာမကြိုက်ရင်လဲ တစ်ခါလောက်အချိုးပြေပြေနေပါလား။ မင်းနဲ့တစ်ခါမှ မသိပဲနဲ့ မင်းကိုရန်မမူပဲနေမလား"
"ကျွန်တော်က မသိလို့ပါ"
"အေး...မသိနဲ့....အဲ့လိုမသိတဲ့လူကိုသိအောင်လွှတ်ထားလိုက်ဖို့ကောင်းတာ။ ဒီကွင်းထဲ ဆယ်ပတ်လောက်ပြေးခိုင်းလိုက်ရမှာ။"
"အကို..."
"ဘာလဲ"
"သူ့ကိုစီးလို့ရလားဟင်"
"မရဘူး။သူကအသက်ကြီးနေပြီ။ ဟိုဖက်မှာအငယ်နှစ်ကောင်ရှိသေးတယ်။"
သူကပြောရင်းနှင့်အိမ်ဘက်ကိုပြန်သွားနေတာမို့ ကျွန်တော်လဲနောက်ကလိုက်ခဲ့ရလေသည်။
"သူတို့ကို လယ်ထွန်ရင်သုံးတာလား"
"အခုက စက်နဲ့ထွန်တာပါ။ ဖိုးညိုငယ်ငယ်ကတော့ လယ်ထဲမှာသူ့ကိုသုံးတာပေါ့။ အခုကတော့ သူ့ကိုအနားပေးထားတယ်။"