Part 5 (Unicode)

86 7 0
                                    

အာရုဏ်ဦးရဲ့ရောင်နီ

.....................

အပိုင်း(၅)

....................

အာရုဏ်ဦး

"ဟာ...အကို"

မျက်နှာကိုလက်နဲ့ကွယ်လိုက်မိကာ အလန့်တကြားအော်လိုက်မိသည်။

"ဘာဖြစ်တာလဲကွ"

သူ့အသံက ဘာမှမဖြစ်သလိုမို့ အသာပြန်ကြည့်လိုက်တော့မှ သူက ဒူးလောက်ဘောင်းဘီကိုဝတ်ထားပြီးသားဖြစ်သည်။

"ဘာလဲ...မြင်ချင်တာမမြင်ရလို့လား"

"ဟာဗျာ...အကိုကလဲ..."

စိတ်ဆိုးရမယ့်စကားမျိုးဖြစ်ပေမဲ့ ကျွန်တော်စိတ်မဆိုးမိတာဘာကြောင့်မှန်းမသိ။ စွပ်ကျယ်နဲ့လွတ်နေတဲ့နေရာတွေမှာပေါ်နေသော သူ့အသားညိုညိုတို့ကို ကြည့်မိပြန်သည်။ လက်မောင်းနှင့်ဗိုက်တို့မှာရှိသင့်သောကြွက်သားတွေရှိပြီး ကျစ်လစ်တောင့်တင်းသော သူ့ပုံစံက စွဲလမ်းချင်စရာ။

"ကဲလာ...ထမင်းသွားစားကြမယ်"

"ဟုတ်"

နှစ်ယောက်သားအတူ ထမင်းစားပွဲရှိရာဆီပြန်လျှောက်လာကြပြီး ထမင်းအတူစားကြလေသည်။

ရိုးရှင်းသော ထမင်းနှင့်ဟင်းဖြစ်ပေမဲ့ ထမင်းကတော့စားလို့မြိန်လှပေသည်။

"မင်းလဲ တစ်ရေးလောက်အိပ်လိုက်ဦး...ညနေကျစာသင်ရမှာ...ငါလဲအလုပ်သွားလုပ်လိုက်ဦးမယ်"

"ဟုတ်"

သူကပြောပြီးတော့အိမ်အောက်ကိုဆင်းသွားလေသည်။ ကျွန်တော်လဲအခန်းထဲဝင်ခဲ့ကာ ထမင်းလုံးစီရင်း အိပ်ပျော်သွားလေတော့သည်။

...........................................

ရောင်နီလင်း

ရေချိုးနေတုန်း ကိုဇေယျာက စကားလာပြောတာမို့ လူကစိတ်ရှုပ်နေမိတာဖြစ်သည်။ ထိုစဉ် သူက ရေနဲ့ပက်လိုက်တာမို့ ဟိုတစ်ယောက်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပုံက တော်တော်ရယ်ရလေသည်။

ကိုဇေယျာက ခင်တာထက်ပိုချင်နေတာကိုတော့အနည်းငယ်ရိပ်မိပါသည်။ ကျွန်တော်လဲ gay ပေမဲ့ အခုထိတော့အချစ်ကိုမတွေ့ကြုံဖူးသေးပါ။ သေချာတာတော့ အဲ့ဒီလူကိုကျွန်တော်သဘောကျတဲ့စိတ်ကလေးတောင်မဖြစ်မိပါ။

အရုဏ်ဦးရဲ့ရောင်နီWhere stories live. Discover now